ေျမာက္ကိုရီးယား ေဆြးေႏြးမႈ အကူအညီေပးတဲ့ အေမရိကန္ကို သမၼတ မြန္းေဂ်အင္း ဂုဏ္ျပဳ

0
381

 

ေျမာက္နဲ႔ ေတာင္ကိုရီးယား ေဆြးေႏြးမႈ ျဖစ္ေျမာက္ေရးအတြက္ အမ်ားႀကီး အကူအညီေပးခဲ့တဲ့ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ကို ဂုဏ္ျပဳ မွတ္တမ္းတင္ေၾကာင္း ေတာင္ကိုရီးယား သမၼတ မြန္းေဂ်အင္းက ေျပာပါတယ္။

ဒီေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ျပဳလုပ္တဲ့ ႏွစ္သစ္ သတင္းစာ ရွင္းလင္းပြဲမွာ မြန္းေဂ်အင္းက သူကိုယ္တိုင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္းနဲ႔ အနာဂတ္မွာ ေဆြးေႏြးလိုေၾကာင္းလည္း ေျပာပါတယ္။ ၿပံဳယမ္းအစိုးရအေနနဲ႔ ႏ်ဴကလီးယား ျဖဳတ္သိမ္းေရး ေရွး႐ႈဖို႔လည္း သူက ေျပာပါတယ္။

ကိုရီးယားကြ်န္းဆြယ္မွာ စစ္ထပ္မျဖစ္ေစရေၾကာင္းနဲ႔ သူ႔သမၼတ သက္တမ္းမွာ ေျမာက္ကိုရီးယား ႏ်ဴကလီးျပႆနာကို ေျဖရွင္းၿပီး ၿငိမ္းခ်မ္းဖို႔ဟာ သူ႔ရည္မွန္းခ်က္ ျဖစ္တယ္လို႔လည္း သမၼတ မြန္းေဂ်အင္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား ဆွေးနွေးမှု အကူအညီပေးတဲ့ အမေရိကန်ကို သမ္မတ မွန်းဂျေအင်း ဂုဏ်ပြု

မြောက်နဲ့ တောင်ကိုရီးယား ဆွေးနွေးမှု ဖြစ်မြောက်ရေးအတွက် အများကြီး အကူအညီပေးခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ နှစ်သစ် သတင်းစာ ရှင်းလင်းပွဲမှာ မွန်းဂျေအင်းက သူကိုယ်တိုင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အနာဂတ်မှာ ဆွေးနွေးလိုကြောင်းလည်း ပြောပါတယ်။ ပြုံယမ်းအစိုးရအနေနဲ့ နျူကလီးယား ဖြုတ်သိမ်းရေး ရှေးရှုဖို့လည်း သူက ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ စစ်ထပ်မဖြစ်စေရကြောင်းနဲ့ သူ့သမ္မတ သက်တမ်းမှာ မြောက်ကိုရီးယား နျူကလီးပြဿနာကို ဖြေရှင်းပြီး ငြိမ်းချမ်းဖို့ဟာ သူ့ရည်မှန်းချက် ဖြစ်တယ်လို့လည်း သမ္မတ မွန်းဂျေအင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)