ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ သမ္မတ ပူတင်နဲ့ ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေးမယ်

0
854




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ သမ္မတ ပူတင်နဲ့ ဂျပန်ဝန်ကြီးချုပ် တွေဆုံဆွေးနွေးမယ်

ရုရှားသမ္မတ ဗလာဒီမီယာပူတင် ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်းဇိုးအာဘေး နဲ့ လာမယ့်သီတင်းပတ်မှာ စင်္ကာပူနိုင်ငံမှာ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

ရုရှားသမ္မတအကြံပေးအရာရှိ ယူရိအူရှာကော့ဗ် က သမ္မတ ပူတင်ဟာ အရှေ့အာရှထိပ်သီး စည်းဝေးပွဲအပါအဝင် အစည်းအဝေးတချို့ တက်ရောက်ဖို့ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စင်ကာပူကို သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

စက်တင်ဘာလတုန်းက သမ္မတ ပူတင်ဟာ အခုနှစ်ကုန် နောက်ဆုံး ထားပြီး ၂နိုင်ငံ ငြိမ်းချမ်းရေး စာချုပ်ကို ကြိုတင်ကန့်သတ်ချက် မထားဘဲ လက်မှတ်ရေးထိုးဖို့ အဆိုပြုခဲ့ပေမယ့် ရုရှားထိန်းချုပ်ထားတဲ့ ကျွန်း ၄ ကျွန်းအရေး ဖြေရှင်းပြီးမှ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသင့်တယ်ဆိုကာ ရုရှားရဲ့ အဆိုပြုချက်ကို ဂျပန်က လက်မခံဘဲရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)