မိုနာကို အသင္းပိုင္ရွင္ ႐ုရွားဘီလီယံနာ လိမ္လည္မႈနဲ႔ ဖမ္းဆီးခံရ

0
833

ျပင္သစ္ကလပ္ မုိနာကိုအသင္းပိုင္ရွင္ ႐ုရွားဘီလီယံခ်ီ သူေဌးၾကီး ဒီမီထရီ ေရးဘိုေလာ့လက္ဗ့္ ဟာ လိမ္လည္မႈ နဲ႔ ဆက္ႏြယ္ၿပီး စံုစမ္းစစ္ေဆးခံရၿပီးေနာက္ ဖမ္းဆီးခံလိုက္ရပါတယ္။

႐ုရွားဘီလီယံသူေဌးႀကီး ဟာ မုိနာကို ရဲတပ္ဖြဲ႔အေပၚ ၾသဇာလြမ္းမုိးဖို႔ ႀကိဳးပမ္းမႈေတြရွိေနခဲ့တယ္လို႔ တာ၀န္ရွိ သူေတြကေျပာပါတယ္။ ႐ုရွားသူေဌးဟာ ဆြတ္ဇာလန္ အႏုပညာပစၥည္း ေရာင္းခ်မႈေတြနဲ႔ ဆက္ႏြယ္ၿပီး လိမ္လည္မႈေတြရွိခဲ့တယ္လုိ႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ မုိနာကိုအသင္းပိုင္ရွင္ကို စြဲခ်က္တင္ထားတာမရွိေသးပါဘူး၊ မုိနာကိုအသင္းပိုင္ရွင္ျဖစ္တဲ့ ရုရွားဘီလီယံနာ က သူအေနနဲ႔စြပ္စြဲခံရတဲ့ လိမ္လည္မႈနဲ႔ ပတ္သက္လုိ႔ အမွားယြင္းတစ္စုံတရာ မလုပ္ခဲ့ဘူးလုိ႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုနာကို အသင်းပိုင်ရှင် ရုရှားဘီလီယံနာ လိမ်လည်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရ

ပြင်သစ်ကလပ် မိုနာကိုအသင်းပိုင်ရှင် ရုရှားဘီလီယံချီ သူဌေးကြီး ဒီမီထရီ ရေးဘိုလော့လက်ဗ့် ဟာ လိမ်လည်မှု နဲ့ ဆက်နွယ်ပြီး စုံစမ်းစစ်ဆေးခံရပြီးနောက် ဖမ်းဆီးခံလိုက်ရပါတယ်။

ရုရှားဘီလီယံသူဌေးကြီး ဟာ မိုနာကို ရဲတပ်ဖွဲ့အပေါ် သြဇာလွမ်းမိုးဖို့ ကြိုးပမ်းမှုတွေရှိနေခဲ့တယ်လို့ တာဝန်ရှိ သူတွေကပြောပါတယ်။ ရုရှားသူဌေးဟာ ဆွတ်ဇာလန် အနုပညာပစ္စည်း ရောင်းချမှုတွေနဲ့ ဆက်နွယ်ပြီး လိမ်လည်မှုတွေရှိခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ မိုနာကိုအသင်းပိုင်ရှင်ကို စွဲချက်တင်ထားတာမရှိသေးပါဘူး၊ မိုနာကိုအသင်းပိုင်ရှင်ဖြစ်တဲ့ ရုရှားဘီလီယံနာ က သူအနေနဲ့စွပ်စွဲခံရတဲ့ လိမ်လည်မှုနဲ့ ပတ်သက်လို့ အမှားယွင်းတစ်စုံတရာ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)