က်ားတိုက္ခိုက္ခံရတဲ့ ႐ုရွားအမ်ိဳးသမီး တရားစြဲခံရမယ့္ အေျခအေန ႀကံဳ

0
316

႐ုရွားႏိုင္ငံက တိရစာၦန္႐ံုမွာ ဆာဘီးယား က်ားတစ္ေကာင္ရဲ႕ တိုက္ခိုက္ခံရတဲ့ ဝါရင့္ တိရစာၦန္႐ံု ဝန္ထမ္း အမ်ိဳးသမီးဟာ တရားစြဲခံရမယ့္ အေျခအေနပါ ႀကံဳေတြ႔ေနရပါတယ္။

အသက္ ၄၄ ႏွစ္အရြယ္ နာဒက္ဇ္ဒါ ဆရီဗာစတာဗာဟာ ကလင္နင္ဂရက္ တိရစာၦန္႐ံုမွာ ဆာဘီးယား က်ားတစ္ေကာင္ရဲ႕ တိုက္ခိုက္မႈကို ခံရၿပီး စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

က်ားကို အစာသြားမေကြ်းခင္ က်ားေလွာင္အိမ္ဂိတ္နဲ႔ အစာေကြ်းတဲ့ အကန္႔အၾကား ဂိတ္တံခါးကို ပိတ္၊ မပိတ္ မစစ္ေဆးခဲ့တဲ့အတြက္   လံုၿခံဳေရး စည္းကမ္းခ်ိဳးေဖာက္ကာ ရာဇဝတ္မႈ ေျမာက္ေနတယ္လို႔ တိရစာၦန္႐ံု တာဝန္ရွိသူေတြက စြတ္စြဲခံေနရတာ ျဖစ္ပါတယ္။

ျဖစ္စဥ္ကို စံုစမ္းစစ္ေဆးရာမွာ အနီးမွာ တိရစာၦန္႐ံုက လူေတြ သန္႔ရွင္းေရးလုပ္တဲ့ အလုပ္သမားေတြ ရွိေနခိုက္ က်ားဟာ ေလဟာျပင္ထဲကို ထြက္လာတာ ျဖစ္ၿပီး အတြင္းဂိတ္တံခါးဟာ ပိတ္ထားျခင္း မရွိတဲ့အတြက္ ျဖစ္တယ္လို႔ ေတြ႔ရွိခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျားတိုက်ခိုက်ခံရတဲ့ ရုရှားအမျိုးသမီး တရားစွဲခံရမယ့် အခြေအနေ ကြုံ

ရုရှားနိုင်ငံက တိရစ္ဆာန်ရုံမှာ ဆာဘီးယား ကျားတစ်ကောင်ရဲ့ တိုက်ခိုက်ခံရတဲ့ ဝါရင့် တိရစ္ဆာန်ရုံ ဝန်ထမ်း အမျိုးသမီးဟာ တရားစွဲခံရမယ့် အခြေအနေပါ ကြုံတွေ့နေရပါတယ်။

အသက် ၄၄ နှစ်အရွယ် နာဒက်ဇ်ဒါ ဆရီဗာစတာဗာဟာ ကလင်နင်ဂရက် တိရစ္ဆာန်ရုံမှာ ဆာဘီးယား ကျားတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကျားကို အစာသွားမကျွေးခင် ကျားလှောင်အိမ်ဂိတ်နဲ့ အစာကျွေးတဲ့ အကန့်အကြား ဂိတ်တံခါးကို ပိတ်၊ မပိတ် မစစ်ဆေးခဲ့တဲ့အတွက် လုံခြုံရေး စည်းကမ်းချိုးဖောက်ကာ ရာဇဝတ်မှု မြောက်နေတယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက စွတ်စွဲခံနေရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာမှာ အနီးမှာ တိရစ္ဆာန်ရုံက လူတွေ သန့်ရှင်းရေးလုပ်တဲ့ အလုပ်သမားတွေ ရှိနေခိုက် ကျားဟာ လေဟာပြင်ထဲကို ထွက်လာတာ ဖြစ်ပြီး အတွင်းဂိတ်တံခါးဟာ ပိတ်ထားခြင်း မရှိတဲ့အတွက် ဖြစ်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)