ပါကစၥတန္ အေနာက္ေတာင္ပိုင္း ဗံုးကြဲမႈ သံုးဦးေသ

0
392

ပါကစၥတန္၊ အေနာက္ေတာင္ပိုင္း ဘလူခ်ီစတန္ခ႐ိုင္မွာ ဒီေန႔ ႏိုဝင္ဘာ ၉ ရက္ေန႔က ဗံုးေပါက္ကြဲလို႔ အဆင့္ျမင့္ ရဲအရာရွိ   တစ္ဦးအပါအဝင္ သံုးဦး ေသဆံုးသြားပါတယ္။

ဘလူခ်ီစတန္မွာ မႏွစ္က စၿပီး ဗံုးေပါက္ကြဲမႈေတြ ဆက္တိုက္ ျဖစ္တာေၾကာင့္ ေသဆံုးသူ ဦးေရ ၁၈၀ ေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။ ဘလူခ်ီစတန္မွာ IS အၾကမ္းဖက္အဖြဲ႔နဲ႔ ဆက္ႏႊယ္တဲ့ စစ္ေသြးၾကြေတြ မ်ားလာေနၿပီး စိုးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။

ဘလူခ်ီစတန္ ခ႐ိုင္မွာ တ႐ုတ္-ပါကစၥတန္ စီးပြားေရးပတ္လမ္း စီမံကိန္း ရွိေနတာေၾကာင့္ ဒီလို အၾကမ္းဖက္ တိုက္ခိုက္မႈေတြဟာ စိုးရိမ္မႈေတြကို ပိုၿပီး ျဖစ္ေစပါတယ္။

အေမရိကန္ ေဒၚလာ ၅၇ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံမယ့္ အဲဒီ စီမံကိန္းဟာ တ႐ုတ္ႏိုင္ငံ အေနာက္ပိုင္းကေန ပါကစၥတန္ေတာင္ပိုင္းရွိ ဂြာဒါ ေရနက္ဆိပ္ကမ္းကို ခ်ိတ္ဆက္ၿပီး စြမ္းအင္ပို႔ေဆာင္မယ့္ စီမံကိန္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန် အနောက်တောင်ပိုင်း ဗုံးကွဲမှု သုံးဦးသေ

 

ပါကစ္စတန်၊ အနောက်တောင်ပိုင်း ဘလူချီစတန်ခရိုင်မှာ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့က ဗုံးပေါက်ကွဲလို့ အဆင့်မြင့် ရဲအရာရှိ တစ်ဦးအပါအဝင် သုံးဦး သေဆုံးသွားပါတယ်။

ဘလူချီစတန်မှာ မနှစ်က စပြီး ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်တာကြောင့် သေဆုံးသူ ဦးရေ ၁၈၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဘလူချီစတန်မှာ IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ စစ်သွေးကြွတွေ များလာနေပြီး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဘလူချီစတန် ခရိုင်မှာ တရုတ်-ပါကစ္စတန် စီးပွားရေးပတ်လမ်း စီမံကိန်း ရှိနေတာကြောင့် ဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ စိုးရိမ်မှုတွေကို ပိုပြီး ဖြစ်စေပါတယ်။

အမေရိကန် ဒေါ်လာ ၅၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် အဲဒီ စီမံကိန်းဟာ တရုတ်နိုင်ငံ အနောက်ပိုင်းကနေ ပါကစ္စတန်တောင်ပိုင်းရှိ ဂွာဒါ ရေနက်ဆိပ်ကမ်းကို ချိတ်ဆက်ပြီး စွမ်းအင်ပို့ဆောင်မယ့် စီမံကိန်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)