
0
327




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကျဉ်းကျတဲ့ အမျိုးသမီးနဲ့ မိန်းကလေးဦးရေ ကမ္ဘာတဝန်း မြင့်တက်လာ

ကမ္ဘာတဝန်းမှာ အကျဉ်းကျတဲ့ အမျိုးသမီးနဲ့ မိန်းကလေး ဦးရေဟာ ထက်ဝက်ကျော် မြင့်တက်လာနေတယ်လို့ အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။

အကျဉ်းကျတဲ့ အမျိုးသမီးနဲ့ မိန်းကလေး ဦးရေဟာ ၂၀ဝ၀ ပြည့်နှစ်မှာ ၄၆၆၀ဝ၀ ရှိခဲ့ပေမယ့် အခုအခါ ၇၁၄၀ဝ၀ ရှိနေပြီး ၅၃ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒီဦးရေထဲမှာ ရမန်ယူထားသူနဲ့ အမိန့်ချမှတ်ခံရဖို့ စောင့်ဆိုင်းနေရတဲ့ ဦးရေလည်း ပါဝင်ပါတယ်။

အကျဉ်းကျတဲ့ အမျိုးသား ဦးရေ မြင့်တက်မှုနဲ့ နှိုင်းယှဉ်ရင် အမျိုးသား ဦးရေနှုန်းက ကမ္ဘာတဝန်းမှာ ၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ လန်ဒန် တက္ကသိုလ်ရှိ ရာဇဝတ်မှု မူဘောင် သုတေသနက အစီရင်ခံစာ ထုတ်ပြန်ချက်အရ ကမ္ဘာတဝန်းအကျဉ်းထောင်တွေမှာ အကျဉ်းကျတဲ့ အမျိုးသမီးနဲ့ မိန်းကလေး ဦးရေဟာ ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)