
0
292

 





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို လျှင်မြန်စွာ တုံ့ပြန်ဖို့ သမ္မတ ထရမ့် တိုက်တွန်း

မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ လျှင်လျှင်မြန်မြန်နဲ့ ထိထိရောက်ရောက် တုံ့ပြန်ဖို့ တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတ ရှီကျင့်ဖျင်ကို တိုက်တွန်းလိုက်ပါတယ်။

နွေးထွေးလိုက်လှဲစွာ ကြိုဆိုတဲ့အတွက်နဲ့ ကင်ဂျုံအန်းရဲ့ လက်နက် အစီအစဉ်တွေ ထိန်းချုပ်ရာမှာ သမ္မတ ရှီရဲ့ ထောက်ခံပေးမှုတို့ကို သမ္မတ ထရမ့်က ချီးကျူးပြောဆိုခဲ့ပါတယ်။

အချိန်တွေက အကုန်မြန်ပါတယ်၊ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရလိမ့်မယ်၊ တရုတ်နိုင်ငံအနေနဲ့ ပိုပြီး လျှင်မြန်စွာ တုံ့ပြန်ဖို့ မျှော်လင့်ပါတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

သမ္မတ ထရမ့်ဟာ အာရှ ၁၂ ရက် ခရီးစဉ်အတွင်း တရုတ်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)