ယီမင္မွာ ကမာၻ႔အႀကီးဆံုး အငတ္ေဘး ႀကံဳလိမ့္မယ္လို႔ ကုလ သတိေပး

0
383

အကူအညီေပးေရးေတြ အခ်ိန္မီ ျပန္မစရင္ ယီမင္ႏိုင္ငံဟာ ကမာၻ႔အႀကီးဆံုး အငတ္ေဘးနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ ကုလသမဂၢ အဆင့္ျမင့္အရာရွိေတြက သတိေပးလိုက္ပါတယ္။

ပဋိပကၡျဖစ္ေနတဲ့ ယီမင္ႏိုင္ငံကို ေဆာ္ဒီ ဦးေဆာင္တဲ့ မဟာမိတ္ေတြက ပိတ္ဆို႔အေရးယူထားမႈကို ဖယ္ရွားေပးဖို႔ လူသားခ်င္း စာနာေထာက္ထားကူညီေရး ကုလသမဂၢ ဒုတိယ အတြင္းေရးမႉး မာ့ခ္ ေလာင္းကြတ္က တိုက္တြန္းထားပါတယ္။

ယီမင္ႏိုင္ငံက ဟူသီသူပုန္ေတြဟာ ႏိုဝင္ဘာ ၆ ရက္ေန႔က ရီယာ့ဒ္ၿမိဳ႕ကို ပစ္ခတ္ၿပီးေနာက္ ေဆာ္ဒီနဲ႔ မဟာမိတ္ေတြက ယီမင္ကို ေလေၾကာင္း၊ ကုန္းေၾကာင္း၊ ေရေၾကာင္း လမ္းေတြကို ပိတ္ဆို႔ခဲ့တာ ျဖစ္ပါတယ္။ ပစ္ခတ္လိုက္တဲ့ ဒံုးက်ည္ကို ေဆာ္ဒီက ၾကားျဖတ္ ပစ္ခ်ခဲ့ပါတယ္။

အီရန္အေနနဲ႔ သူပုန္ေတြကို လက္နက္ေထာက္ပံ့တာေတြ ရပ္ဖို႔ ေဆာ္ဒီ အာေရဗ်က ေျပာထားေပမယ့္ အီရန္ကလည္း သူတို႔ လက္နက္ မေထာက္ပံ့ဘူးလို႔ ျငင္းဆိုထားပါတယ္။ ေဆာ္ဒီ ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႔ဟာ ဟူသီသူပုန္ေတြကို ၂၀၁၅ ခုႏွစ္ကတည္းက တိုက္ခိုက္ႏွိမ္နင္းေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယီမင်မှာ ကမ္ဘာ့အကြီးဆုံး အငတ်ဘေး ကြုံလိမ့်မယ်လို့ ကုလ သတိပေး

အကူအညီပေးရေးတွေ အချိန်မီ ပြန်မစရင် ယီမင်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး အငတ်ဘေးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတွေက သတိပေးလိုက်ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ ယီမင်နိုင်ငံကို ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တွေက ပိတ်ဆို့အရေးယူထားမှုကို ဖယ်ရှားပေးဖို့ လူသားချင်း စာနာထောက်ထားကူညီရေး ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူး မာ့ခ် လောင်းကွတ်က တိုက်တွန်းထားပါတယ်။

ယီမင်နိုင်ငံက ဟူသီသူပုန်တွေဟာ နိုဝင်ဘာ ၆ ရက်နေ့က ရီယာ့ဒ်မြို့ကို ပစ်ခတ်ပြီးနောက် ဆော်ဒီနဲ့ မဟာမိတ်တွေက ယီမင်ကို လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း လမ်းတွေကို ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကို ဆော်ဒီက ကြားဖြတ် ပစ်ချခဲ့ပါတယ်။

အီရန်အနေနဲ့ သူပုန်တွေကို လက်နက်ထောက်ပံ့တာတွေ ရပ်ဖို့ ဆော်ဒီ အာရေဗျက ပြောထားပေမယ့် အီရန်ကလည်း သူတို့ လက်နက် မထောက်ပံ့ဘူးလို့ ငြင်းဆိုထားပါတယ်။ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဟူသီသူပုန်တွေကို ၂၀၁၅ ခုနှစ်ကတည်းက တိုက်ခိုက်နှိမ်နင်းနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)