
0
348




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုလံဘီယာမှာ ကိုကင်း ၁၂ တန်ကျော် စံချိန်တင် ဖမ်းမိ

ကိုလံဘီယာ ထိပ်သီး မူးယစ်ဂိုဏ်းဆီကနေ နိုင်ငံအတွင်း စံချိန်တင် အများဆုံးအဖြစ် ကိုကင်း ၁၂ တန်ကျော် ဖမ်းဆီးရမိတယ်လို့ သမ္မတ ဂျွန် မန်နူယယ် ဆန်တို့စ်က ပြောပါတယ်။

ကိုလံဘီယာနဲ့ ပနားမား နယ်စပ်အနီး အန်တီယိုကွီယာ ခရိုင်ထဲက ငှက်ပျောစိုက်ခင်းအတွင်း မြေအောက်ထဲမှာ သိုလှောင်ထားတာ ဖြစ်ပါတယ်။ ကိုကင်းတွေဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၆၀ လောက် တန်ကြေးရှိပါတယ်။

မိတ်ဆွေနိုင်ငံတွေက ထောက်လှမ်းရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်၊ နိုင်ငံသမိုင်းမှာ အများဆုံးဖမ်းဆီးရမိမှုပါပဲလို့ သမ္မတ ဆန်တို့စ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)