ကမ္ဘာနဲ့အဝှမ်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများ (၉ အောက်တိုဘာ ၂၀၂၀)

0
409

ကမ္ဘာနဲ့အဝှမ်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း 36,372,696 ဦးနဲ့ သေဆုံးသူပေါင်း 1,059,065 အထိ ရောက်ရှိလာတယ်လို့ ဂျွန်ဟောကင်းတက္ကသိုလ်က ပြုစုထားတဲ့ အချက်အလက်တွေက ညွှန်းဆိုနေပါတယ်။

နိုင်ငံအလိုက် ရောဂါကူးစက်မှု အခြေအနေတွေမှာဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ရောဂါကူးစက်ခံရသူပေါင်း 7,591,519 ဦးနဲ့ ထိပ်ဆုံးမှာ ရောက်ရှိနေတာပါ။

သူ့နောက်မှာတော့ ရောဂါကူးစက်ခံရသူပေါင်း 6,835,655 နဲ့ အိန္ဒိယနိုင်ငံက ဒုတိယနေရာကိုရောက်နေပြီး ဘရာဇီးနိုင်ငံဟာဆိုရင်လည်း ကူးစက်မှုပေါင်း  5,000,694 နဲ့ တတိယနေရာတွေကို အသီးသီး ရောက်ရှိနေတာ တွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့  ရောဂါကူးစက်ခံရသူပေါင်း 1,253,603 ရှိနေတဲ့ ရုရှားနဲ့ 877,684 ရှိနေတဲ့ ကိုလံဘီယာနိုင်ငံတွေက ကမ္ဘာ့ကူးစက်မှုအများဆုံး နံပတ် ၄ နဲ့ ၅ နိုင်ငံတွေအဖြစ် ရောက်ရှိနေကြတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)