
0
904




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုပ်ရဟန်းမင်းကြီးကို မြောက်ကိုရီးယား ဖိတ်ခေါ်

ပြုံယမ်းမြို့ကို လာရောက်လည်ပတ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဖိတ်ခေါ်လိုက်တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

သမ္မတ မွန်ဂျေအင်းက လာမယ့် သီတင်းပတ်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံဖို့ ရှိနေပြီး ဒီသတင်းစကားကို ပုပ်ရဟန်းမင်းကြီးထံ ပါးပေးမှာ ဖြစ်ပါတယ်။ သမ္မတ မွန်ဂျေအင်းဟာ ပြင်သစ်နဲ့ အီတလီအပါအဝင် ဥရောပနိုင်ငံတွေကို ခရီးထွက်ဖို့ ရှိတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ဗာတီကန်ကို ရောက်မှာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း မွန်နဲ့ ကင်တို့ မြောက်ကိုရီးယားမှာ တတိယအကြိမ် ထိပ်သီးအစည်းအဝေး တွေ့ဆုံစဉ် အခုလို ဖိတ်ခေါ်တဲ့ သတင်းစကား ပါးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)