0
1406
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကျားဖြူကိုက်လို့ ဂျပန် တိရိစ္ဆာန်ရုံ ဝန်ထမ်း သေဆုံး
ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီးမားမြို့ရှိ ဟီရာကာဝါ တိရိစ္ဆာန်ရုံတစ်ရုံမှာ ဝန်ထမ်းတစ်ဦးကို ရှားပါး ကျားဖြူတစ်ကောင်က ကိုက်လို့ သေဆုံးသွားခဲ့ပါတယ်။
လှောင်အိမ်ထဲရှိ ကျားဖြူဟာ အသက် ၄၀ အရွယ်ရှိ ဝန်ထမ်းရဲ့ လည်ပင်းကို ကိုက်ဖြတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံတင်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ကြောင်း ဂျပန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကျားကိုက်မှု ဖြစ်ပြီးနောက် ဒီတိရစ္ဆာန်ရုံအနေနဲ့ ကျားဖြူကို ဘယ်လို စောင့်ရှောက်နေတာလဲ ဆိုတာကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
တိရိစ္ဆာန်ရုံ ထိမ်းသိမ်းစောင့်ရှောက်ရေး ဝန်ထမ်းတွေဟာ မကြာခဏ ကျားတွေရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို တွေကြုံနေရပြီး ၂၀၁၇ ခုနှစ်ကလည်း ဗြိတိန်နိုင်ငံမှာ ကျားတစ်ကောင်က တိရိစ္ဆာန်စောင့်ရှောက်ရေး ဝန်ထမ်းကို ကိုက်သတ်ခဲ့ဖူးပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)