လိင္တူလက္ထပ္ခြင့္ ဥပေဒ ျပ႒ာန္းဖို႔ ထိုင္ဝမ္ ဆႏၵခံယူပြဲ က်င္းပမယ္

0
1175

ထိုင္ဝမ္ႏိုင္ငံမွာ လိင္တူ လက္ထပ္ထိမ္းျမားမႈကို အသိအမွတ္ျပဳႏိုင္မယ့္ ဥပေဒတစ္ရပ္ ျပ႒ာန္လိုျခင္း ရွိ၊ မရွိ လူထုဆႏၵ ခံယူပြဲတစ္ရပ္ က်င္းပမွာ ျဖစ္ပါတယ္။

လိင္တူ ခ်စ္သူေတြအၾကား ဥပေဒတစ္ရပ္ သီးျခား လိုအပ္ျခင္း ရွိ၊ မရွိ ျငင္းခုန္ေဆြးေႏြးမႈေတြ ရွိၿပီးေနာက္ အခုလို ဆႏၵခံယူပြဲ က်င္းပဖို႔ ဆံုးျဖတ္တာ ျဖစ္ပါတယ္။ ထိုင္ဝမ္ ဖြဲ႔စည္းပံု အေျခခံဥပေဒ ခံု႐ံုးက ၿပီးခဲ့တဲ့ ေမလမွာ လိင္တူခ်စ္သူေတြ လက္ထပ္ႏိုင္တဲ့ အခြင့္အေရး ရွိတယ္လို႔ ေၾကညာၿပီးေနာက္ အခ်ိန္ ႏွစ္ႏွစ္ ေပးထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္ မိသားစု တန္ဖိုးေတြကို ထိခိုက္ေစတယ္ဆိုၿပီး လိင္တူ လက္ထပ္မႈကို ဆန္႔က်င္မႈေတြ ရွိလာႏိုင္တာေၾကာင့္ သီးျခားဥပေဒ ျပ႒ာန္းေပးဖို႔ တက္ၾကြလႈပ္ရွားသူေတြက ၾသဂုတ္လမွာ အနားခံစာ တင္သြင္းၿပီး ဆႏၵမဲ ေကာက္ယူဖို႔ အႀကံျပဳခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်တူလက်ထပ်ခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ ထိုင်ဝမ် ဆန္ဒခံယူပွဲ ကျင်းပမယ်

ထိုင်ဝမ်နိုင်ငံမှာ လိင်တူ လက်ထပ်ထိမ်းမြားမှုကို အသိအမှတ်ပြုနိုင်မယ့် ဥပဒေတစ်ရပ် ပြဋ္ဌာန်လိုခြင်း ရှိ၊ မရှိ လူထုဆန္ဒ ခံယူပွဲတစ်ရပ် ကျင်းပမှာ ဖြစ်ပါတယ်။

လိင်တူ ချစ်သူတွေအကြား ဥပဒေတစ်ရပ် သီးခြား လိုအပ်ခြင်း ရှိ၊ မရှိ ငြင်းခုန်ဆွေးနွေးမှုတွေ ရှိပြီးနောက် အခုလို ဆန္ဒခံယူပွဲ ကျင်းပဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ထိုင်ဝမ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ပြီးခဲ့တဲ့ မေလမှာ လိင်တူချစ်သူတွေ လက်ထပ်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ကြေညာပြီးနောက် အချိန် နှစ်နှစ် ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် မိသားစု တန်ဖိုးတွေကို ထိခိုက်စေတယ်ဆိုပြီး လိင်တူ လက်ထပ်မှုကို ဆန့်ကျင်မှုတွေ ရှိလာနိုင်တာကြောင့် သီးခြားဥပဒေ ပြဋ္ဌာန်းပေးဖို့ တက်ကြွလှုပ်ရှားသူတွေက သြဂုတ်လမှာ အနားခံစာ တင်သွင်းပြီး ဆန္ဒမဲ ကောက်ယူဖို့ အကြံပြုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)