ပန္းခ်ီ အႏုပညာလက္ရာေပါင္း ေသာင္းခ်ီ ဖန္တီးႏိုင္တဲ့ ကေလးငယ္

0
408

ကမာၻေပၚရွိ ကေလးအမ်ားစုဟာ အအိပ္၊ အစားနဲ႔ ကစားတာေတြကိုသာ အာရံုစိုက္ေပမယ့္လည္း အိႏၵိယ ႏုိင္ငံက အသက္ ၇ ႏွစ္ အရြယ္ရွိ ကေလးတစ္ဦးကေတာ့ သူ႔အသက္ အရြယ္နဲ႔ အႏုပညာလက္ရာ ပစၥည္းေပါင္း ေသာင္းခ်ီ ဖန္တီးႏုိင္ခဲ့ပါတယ္လို႔ အိႏၵိယ   သတင္းေတြကေဖာ္ျပပါတယ္။

ကီရာလာၿမိဳ႕က အသက္ ၇ ႏွစ္ အရြယ္ရွိ အက္မန္ေသာမက္စ္ဟာ အႏုပညာလက္ရာ ပစၥည္းေပါင္း ၂၅၀၀၀ ကို ဖန္တီးႏုိင္ခဲ့တာျဖစ္ၿပီး  အသက္ ၁ ႏွစ္အရြယ္တည္းက ပန္းခ်ီ အႏုပညာကို ေကာင္းစြာ ဖန္တီးေရးဆြဲႏုိင္ခဲ့ပါတယ္။ ကေလးငယ္ဟာ အျခား ပန္ခ်ီးသံုးပစၥည္းေတြကို မသံုးဘဲ ေျမျဖဴနဲ႔သာ ၾကမ္းျပင္ေပၚမွာ  စက္ဝိုင္းပံုသ႑န္ အႏုပညာ လက္ရာေတြကို စတင္ဖန္တီးခဲ့ပါတယ္။

ကေလးငယ္ရဲ႕ဖခင္ျဖစ္သူဟာလည္း အႏုပညာသမားတစ္ဦး ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ကေလးငယ္ဟာ ေရာင္စံု ေျမျဖဴေတြကိုသံုးၿပီး ပန္းခ်ီ အႏုပညာလက္ရာေတြကို ဖန္တီးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပန်းချီ အနုပညာလက်ရာပေါင်း သောင်းချီ ဖန်တီးနိုင်တဲ့ ကလေးငယ်

ကမ္ဘာပေါ်ရှိ ကလေးအများစုဟာ အအိပ်၊ အစားနဲ့ ကစားတာတွေကိုသာ အာရုံစိုက်ပေမယ့်လည်း အိန္ဒိယ နိုင်ငံက အသက် ၇ နှစ် အရွယ်ရှိ ကလေးတစ်ဦးကတော့ သူ့အသက် အရွယ်နဲ့ အနုပညာလက်ရာ ပစ္စည်းပေါင်း သောင်းချီ ဖန်တီးနိုင်ခဲ့ပါတယ်လို့ အိန္ဒိယ သတင်းတွေကဖော်ပြပါတယ်။

ကီရာလာမြို့က အသက် ၇ နှစ် အရွယ်ရှိ အက်မန်သောမက်စ်ဟာ အနုပညာလက်ရာ ပစ္စည်းပေါင်း ၂၅၀ဝ၀ ကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး အသက် ၁ နှစ်အရွယ်တည်းက ပန်းချီ အနုပညာကို ကောင်းစွာ ဖန်တီးရေးဆွဲနိုင်ခဲ့ပါတယ်။ ကလေးငယ်ဟာ အခြား ပန်ချီးသုံးပစ္စည်းတွေကို မသုံးဘဲ မြေဖြူနဲ့သာ ကြမ်းပြင်ပေါ်မှာ စက်ဝိုင်းပုံသဏ္ဍန် အနုပညာ လက်ရာတွေကို စတင်ဖန်တီးခဲ့ပါတယ်။

ကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာလည်း အနုပညာသမားတစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကလေးငယ်ဟာ ရောင်စုံ မြေဖြူတွေကိုသုံးပြီး ပန်းချီ အနုပညာလက်ရာတွေကို ဖန်တီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)