
0
305




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသင်းခေါင်းဆောင် တာဝန်ယူတိုင်း ဂိုးသွင်းယူတဲ့စံချိန်သစ်တင်လိုက်တဲ့ ဟာရီကိန်း

အင်္ဂလန် နဲ့ စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူတဲ့ သူရဲ့ ပထမဆုံး ၄ ပွဲမှာ ပွဲတိုင်းဂိုး သွင်းနိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဟာရီကိန်းဟာ လစ်သူယေးနီးယားကို အနိုင်ရတဲ့ပွဲမှာ ပွဲချိန် ၂၇ မှာ ပယ်နယ်တီကနေ အင်္ဂလန် အတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟာရီကိန်းဟာ လစ်သူယေးနီးယား ပွဲအပြင် ပြင်သစ်၊ စလိုဗေနီးယား၊ စကော့တလန်တို့နဲ့ ကစားတဲ့ပွဲတွေမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရာ အဲဒီပွဲတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့တာကြောင့် အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူချိန်မှာ ပွဲတိုင်းဂိုးသွင်းနိုင်တဲ့ သူဖြစ်လာခဲ့ပါတယ်။

နည်းပြဆောက်သ်ဂိတ်က ဟာရီကိန်းဟာ ဂိုးသွင်းယူနိုင်မှု အရည်အသွေး အမြင့်ဆုံးမှာရှိနေပေမယ့် သူကို အသင်းခေါင်းဆောင် အဖြစ် အမြဲတမ်း ခန့်အပ်ဖို့ ဆိုတာ မစဉ်းစားရသေးဘူးလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)