လပ္စ္ ေဗးဂတ္စ္ ေသနတ္သမား စိတ္မူမမွန္တာ ျဖစ္ႏိုင္ေၾကာင္း ရဲ ေျပာ

0
247

အေမရိကန္၊ လပ္စ္ ေဗးဂတ္စ္မွာ ေအာက္တိုဘာ ၁ ရက္ေန႔က ပရိသတ္ ၂ ေသာင္း ၂ ေထာင္ထဲ ေသနတ္နဲ႔ အခ်က္ေပါင္း ရာခ်ီ ပစ္ခတ္ခဲ့တဲ့ စတီဖင္ ပက္ဒ္ေဒါက္ခ္ဟာ စိတ္က်န္းမာေရး ခြ်တ္ယြင္းေနတာ ျဖစ္ႏိုင္တယ္လို႔ ရဲက လတ္တေလာ ေကာက္ခ်က္ ခ်ထားပါတယ္။

ပက္ဒ္ေဒါက္ခ္ဟာ ႏိုင္ငံေရး၊ ဘာသာေရးေတြနဲ႔ ပတ္သက္လို႔ ထူးထူးျခားျခား ခံယူမႈ မရွိဘဲ ေလာင္းကစားတာနဲ႔ ခရီးသြားတာကို ခံုမင္သူ ျဖစ္တယ္လို႔ ရဲက ေျပာပါတယ္။ ပက္ဒ္ေဒါက္ခ္ဟာ စီးပြားေရးအရ ေအာင္ျမင္သူ ျဖစ္ေပမယ့္ စိတ္က်န္းမာေရး အလြန္အမင္း ခြ်တ္ယြင္းေနသူ ျဖစ္တယ္လို႔ ပက္ဒ္ေဒါက္ခ္နဲ႔ နီးစပ္သူေတြကို ရဲက အင္တာဗ်ဴးခ်က္အရ ေတြ႔ရွိရပါတယ္။

ပက္ဒ္ေဒါက္ခ္ဟာ လူမႈဆက္ဆံေရးမွာ ျပႆနာရွိေနၿပီး တစ္ဦးနဲ႔ တစ္ဦး ဆက္ဆံေရးမွာ ေခ်ာ့ေမြ႔ေအာင္ ေနတတ္သူ မဟုတ္ေၾကာင္း ရဲေတြက ေလ့လာေတြ႔ရွိရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လပ်စ် ဗေးဂတ်စ် သေနတ်သမား စိတ်မူမမှန်တာ ဖြစ်နိုင်ကြောင်း ရဲ ပြော

အမေရိကန်၊ လပ်စ် ဗေးဂတ်စ်မှာ အောက်တိုဘာ ၁ ရက်နေ့က ပရိသတ် ၂ သောင်း ၂ ထောင်ထဲ သေနတ်နဲ့ အချက်ပေါင်း ရာချီ ပစ်ခတ်ခဲ့တဲ့ စတီဖင် ပက်ဒ်ဒေါက်ခ်ဟာ စိတ်ကျန်းမာရေး ချွတ်ယွင်းနေတာ ဖြစ်နိုင်တယ်လို့ ရဲက လတ်တလော ကောက်ချက် ချထားပါတယ်။

ပက်ဒ်ဒေါက်ခ်ဟာ နိုင်ငံရေး၊ ဘာသာရေးတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ခံယူမှု မရှိဘဲ လောင်းကစားတာနဲ့ ခရီးသွားတာကို ခုံမင်သူ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ ပက်ဒ်ဒေါက်ခ်ဟာ စီးပွားရေးအရ အောင်မြင်သူ ဖြစ်ပေမယ့် စိတ်ကျန်းမာရေး အလွန်အမင်း ချွတ်ယွင်းနေသူ ဖြစ်တယ်လို့ ပက်ဒ်ဒေါက်ခ်နဲ့ နီးစပ်သူတွေကို ရဲက အင်တာဗျူးချက်အရ တွေ့ရှိရပါတယ်။

ပက်ဒ်ဒေါက်ခ်ဟာ လူမှုဆက်ဆံရေးမှာ ပြဿနာရှိနေပြီး တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ ချော့မွေ့အောင် နေတတ်သူ မဟုတ်ကြောင်း ရဲတွေက လေ့လာတွေ့ရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)