အေမရိကန္စစ္စခန္းေတြကို တုိက္ခုိက္မယ္လို႔ အီရန္ ေျပာ

0
276

ပိတ္ဆို႔မႈေတြထပ္မံ ခ်မွတ္မယ္ဆုိရင္ ေဒသအတြင္းက အေမရိကန္ စစ္အေျခစိုက္စခန္းေတြ ခက္ခဲမႈေတြနဲ႔ ရင္ဆုိင္ရမယ္လို႔ အီရန္ႏုိင္ငံက သတိေပးလိုက္ပါတယ္။  

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က  အီရန္ႏုိင္ငံဟာ  ဒံုးက်ည္စမ္းသပ္မႈအျပင္  အၾကမ္းဖက္ အဖြဲ႔အစည္းေတြကို ေထာက္ပံ့ေပးမႈေတြေၾကာင့္  ပိတ္ဆုိ႔မႈအသစ္ေတြ ခ်မွတ္ဖြယ္ရွိေနတယ္လို႔ သတင္းထုတ္ျပန္ၿပီးေနာက္ အီရန္ႏိုင္ငံက အခုလိုမ်ိဳးေျပာခဲ့တာပါ။

  အီရန္  ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အလီ ဂ်ာဖာရီက  အေမရိကန္သာ ပိတ္ဆုိ႔မႈေတြ လုပ္လာမယ္ဆုိရင္ ေဒသအတြင္းမွာရွိတဲ့ အေမရိကန္ စစ္အေျခစိုက္စခန္းေတြကို  ဖယ္ရွားႏုိင္ဖုိ႔ ဒံုးက်ည္နဲ႔ တုိက္ခုိက္တာ လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

ဒါအျပင္ပိတ္ဆို႔မႈအသစ္ ခ်မွတ္လုိက္တာဟာ  အေမရိကန္နဲ႔ အီရန္ႏိုင္ငံၾကား ေဆြးေႏြးမႈကို  အဆံုးသတ္ေစႏုိင္တယ္လို႔လည္း အလီဂ်ာဖာရီကေျပာပါတယ္။

အီရန္ တပ္ဖြဲ႔ေတြကို အေမရိကန္က အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ သတ္မွတ္ခဲ့မယ္ဆုိရင္   အီရန္ႏိုင္ငံကလည္း အေမရိကန္တပ္ဖြဲ႔ေတြကို ကမာၻတဝန္းမွာ အၾကမ္းဖက္တုိက္ခုိက္ေနတဲ့  IS အဖြဲ႔အျဖစ္ ျပန္သတ္မွတ္ဖုိ႔ စဥ္းစားေနတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီး ဂ်ာဖာရီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ အီရန် ပြော

ပိတ်ဆို့မှုတွေထပ်မံ ချမှတ်မယ်ဆိုရင် ဒေသအတွင်းက အမေရိကန် စစ်အခြေစိုက်စခန်းတွေ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အီရန်နိုင်ငံက သတိပေးလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံဟာ ဒုံးကျည်စမ်းသပ်မှုအပြင် အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးမှုတွေကြောင့် ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖွယ်ရှိနေတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် အီရန်နိုင်ငံက အခုလိုမျိုးပြောခဲ့တာပါ။

အီရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အလီ ဂျာဖာရီက အမေရိကန်သာ ပိတ်ဆို့မှုတွေ လုပ်လာမယ်ဆိုရင် ဒေသအတွင်းမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဖယ်ရှားနိုင်ဖို့ ဒုံးကျည်နဲ့ တိုက်ခိုက်တာ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒါအပြင်ပိတ်ဆို့မှုအသစ် ချမှတ်လိုက်တာဟာ အမေရိကန်နဲ့ အီရန်နိုင်ငံကြား ဆွေးနွေးမှုကို အဆုံးသတ်စေနိုင်တယ်လို့လည်း အလီဂျာဖာရီကပြောပါတယ်။

အီရန် တပ်ဖွဲ့တွေကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့မယ်ဆိုရင် အီရန်နိုင်ငံကလည်း အမေရိကန်တပ်ဖွဲ့တွေကို ကမ္ဘာတဝန်းမှာ အကြမ်းဖက်တိုက်ခိုက်နေတဲ့ IS အဖွဲ့အဖြစ် ပြန်သတ်မှတ်ဖို့ စဉ်းစားနေတယ်လို့ ဗိုလ်ချုပ်ကြီး ဂျာဖာရီက ပြောပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)