ကတ္တာလိုနီးယားေဒသ ခြဲထြက္ေရး ျပည္သူ ေသာင္းခ်ီ ကန္႔ကြက္  

0
298

စပိန္ႏိုင္ငံ၊ ကတ္တာလိုနီးယား ေဒသ ၿမိဳ႕ေတာ္ ဘာစီလုိနာၿမိဳ႕မွာ ေအာက္တုိဘာ  ၈ ရက္ေန႔က  စပိန္ႏုိင္ငံကေန ကတ္တာလုိနီးယား ေဒသ ခြဲထြက္ေရးကို ကန္႔ကြက္တဲ့ ဆႏၵျပမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။  

လူေပါင္း ၃၅၀၀၀ ေက်ာ္ ဆႏၵျပခဲ့တာျဖစ္ၿပီး  စပိန္နဲ႔ ကတ္တာလုိနီးယားေဒသ အလံေတြကို ေဝွ႔ယမ္းမႈနဲ႔အတူ   ကတ္တာလိုနီးယား ေဒသကို စပိန္ႏိုင္ငံထဲက ခြဲမထြက္ဖုိ႔ ပိုစတာေတြနဲ႔ ဆႏၵျပခဲ့တာျဖစ္ပါတယ္။

 ကတ္တာလုိနီးယား ေဒသ ခြဲထြက္ေရးနဲ႔ ပတ္သက္ၿပီးစပိန္အစိုးရနဲ႔ ကတ္တာလုိနီးယားေဒသ ေခါင္းေဆာင္ေတြ ၾကား အဖုအထစ္ေတြ ျဖစ္ေပၚေနခဲ့ၿပီး  လက္ရွိျပသာနာဟာ ဆယ္စုႏွစ္ခ်ီ ျဖစ္ခဲ့တဲ့  စပိန္ႏုိင္ငံႏုိင္ငံေရး ျပသာနာေတြထဲမွာ အဆုိးရြားဆံုး ျဖစ္ေနပါတယ္။  

ကတ္တာလုိနီးယား အေျခစိုက္  ကုမၸဏီေတြဟာ  သူတို႔ရဲ႕ ႐ံုးခ်ဳပ္ေတြကို ကတ္တာလုိနီးယား ေဒသကေန ေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ အခုလို လုပ္ေဆာင္တာဟာ ကတ္တာလုိနီးယားေဒသ ကိုယ္ပိုင္လြတ္လပ္ေရး ရဖုိ႔ ႀကိဳးပမ္းေနတဲ့ ေခါင္းေဆာင္ ကာလက္ ပူဒီမြန္႔ကို လြတ္လပ္ေရး ေၾကညာမႈကေန ေနာက္ဆုတ္ေစဖုိ႔ ရည္ရြယ္တာျဖစ္တယ္လို႔  ကုမၸဏီေတြကေျပာပါတယ္။

စပိန္ ဝန္ႀကီးခ်ဳပ္ မာရီယာႏို ေရဂ်ိဳကလည္း   ကတ္တာလုိနီးယား ေဒသအစိုးရ အဖြဲ႔ကို ျဖဳတ္ခ်သြားမယ့္အျပင္  ေဒသအတြင္း ေရြးေကာက္ပြဲေတြကို ျပန္က်င္းပေပးသြားမယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကတ်တာလိုနီးယားဒေသ ခွဲထွက်ရေး ပြည်သူ သောင်းချီ ကန့်ကွက်

စပိန်နိုင်ငံ၊ ကတ်တာလိုနီးယား ဒေသ မြို့တော် ဘာစီလိုနာမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က စပိန်နိုင်ငံကနေ ကတ်တာလိုနီးယား ဒေသ ခွဲထွက်ရေးကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

လူပေါင်း ၃၅၀ဝ၀ ကျော် ဆန္ဒပြခဲ့တာဖြစ်ပြီး စပိန်နဲ့ ကတ်တာလိုနီးယားဒေသ အလံတွေကို ဝှေ့ယမ်းမှုနဲ့အတူ ကတ်တာလိုနီးယား ဒေသကို စပိန်နိုင်ငံထဲက ခွဲမထွက်ဖို့ ပိုစတာတွေနဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ကတ်တာလိုနီးယား ဒေသ ခွဲထွက်ရေးနဲ့ ပတ်သက်ပြီးစပိန်အစိုးရနဲ့ ကတ်တာလိုနီးယားဒေသ ခေါင်းဆောင်တွေ ကြား အဖုအထစ်တွေ ဖြစ်ပေါ်နေခဲ့ပြီး လက်ရှိပြသာနာဟာ ဆယ်စုနှစ်ချီ ဖြစ်ခဲ့တဲ့ စပိန်နိုင်ငံနိုင်ငံရေး ပြသာနာတွေထဲမှာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။

ကတ်တာလိုနီးယား အခြေစိုက် ကုမ္ပဏီတွေဟာ သူတို့ရဲ့ ရုံးချုပ်တွေကို ကတ်တာလိုနီးယား ဒေသကနေ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုလို လုပ်ဆောင်တာဟာ ကတ်တာလိုနီးယားဒေသ ကိုယ်ပိုင်လွတ်လပ်ရေး ရဖို့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင် ကာလက် ပူဒီမွန့်ကို လွတ်လပ်ရေး ကြေညာမှုကနေ နောက်ဆုတ်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ကုမ္ပဏီတွေကပြောပါတယ်။

စပိန် ဝန်ကြီးချုပ် မာရီယာနို ရေဂျိုကလည်း ကတ်တာလိုနီးယား ဒေသအစိုးရ အဖွဲ့ကို ဖြုတ်ချသွားမယ့်အပြင် ဒေသအတွင်း ရွေးကောက်ပွဲတွေကို ပြန်ကျင်းပပေးသွားမယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)