
0
270




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရားမဝင် ရွှေ့ပြောင်းသူ ၁၆၀ဝ၀ ကို အီတလီ ကယ်ထားရ

မြေထဲပင်လယ်ကို ဖြတ်လာတဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူ ၁၆၀ဝ၀ ကို ကယ်ဆယ်ထားရတယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီး မာကို မင်နက်တီက ပြောပါတယ်။

လစ်ဗျား ကမ်းခြေစောင့်တပ်က ပြီးခဲ့တဲ့ ၅ လအတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို ကယ်ဆယ်ပြီး အီတလီကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

နိုက်ဂျာကနေ ထွက်ပြေးလာသူဟာ ၃၅ ရာခိုင်နှုန်းရှိကြောင်း မင်နက်တီက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့မှာ မင်နက်တီက ထရီပိုလီမြို့ကို သွားခဲ့ပြီး လစ်ဗျား ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ကင်းလှည့်သင်္ဘော ၄ စီး လွှဲပြောင်းပေးခဲ့ပါတယ်။ ဒုက္ခသည်တွေကို အဲဒီ ကင့်လှည့် သင်္ဘောတွေက ကယ်ဆယ်ခဲ့ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)