
0
305

စပိန် အာဏာပိုင်တွေဟာ  အောက်တိုဘာ ၇ ရက်နေ့က သင်္ဘောတစ်စင်းရဲ့ လျို့ဝှက်အခန်းထဲ ထည့်သွင်း သယ်ဆောင်လာတဲ့ ကိုကင်း မူးယစ်ဆေး ၃.၈ တန်ကို  တွေ့ရှိခဲ့ကြပါတယ်။




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စပိန်မှာ ကိုကင်း ၃.၈ တန် ဖမ်းမိ

စပိန် အာဏာပိ်ုင်တွေဟာ အောက်တိုဘာ ၇ ရက်နေ့က သင်္ဘောတစ်စင်းရဲ့ လျို့ဝှက်အခန်းထဲ ထည့်သွင်း သယ်ဆောင်လာတဲ့ ကိုကင်း မူးယစ်ဆေး ၃.၈ တန်ကို တွေ့ရှိခဲ့ကြပါတယ်။

အဲ့ဒီ မူးယစ်ဆေးတွေကို အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်စစ်ဆင်ရေး လုပ်နေစဉ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ မူးယစ်စစ်ဆင်ရေးအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးတွေဟာ အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ရှိတယ်လို့ စပိန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ မူးယစ်ဆေးတင်ဆောင် လာတဲ့ လှေဟာ ကိုလံဘီယာ နိုင်ငံက ဖြစ်ပြီး ကနေရီကျွန်းအနီးမှာ စပိန်ရဲတပ်ဖွဲ့ ဝင်တွေက ကြားဖြတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် လှေပေါ်ပါလာသူ ၇ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)