ဒိုရီယန္ ဟာရီကိန္း မုန္တိုင္းေၾကာင့္ ဘဟားမားမွာ ေသဆံုးသူ ၄၅ ဦး ရွိလာ

0
75

ဒိုရီယန္ ဟာရီကိန္းမုန္တိုင္း ဘဟားမားမွာ တိုက္ခတ္ၿပီး တစ္ပတ္အၾကာ အစိုးရရဲ႕ အေရးေပၚ ေဆးကုသေရးအဖြဲ႔ ေရာက္ရွိၿပီးေနာက္ မေန႔ စက္တင္ဘာလ ၈ ရက္ေန႔အထိ ေသဆံုးသူ အေရအတြက္ ၄၅ ဦးအထိ ရွိသြားၿပီ ျဖစ္ပါတယ္။ 

ျပင္းအား အဆင့္ ၅ ရွိ မုန္တိုင္း တိုက္ခတ္ၿပီးေနာက္ ေပ်ာက္ဆံုးေနသူ ရာခ်ီ ရွိတဲ့အတြက္ ေသဆံုးသူ ဦးေရ ထပ္တိုးလာႏိုင္ေၾကာင္း ကြ်မ္းက်င္သူေတြက ခန္႔မွန္းထားပါတယ္။ အာဘာကိုကြ်န္းကေန အေလာင္း ၃၇ ေလာင္းနဲ႔ ဂရန္း ဘဟားမားကြ်န္းကေန အေလာင္း ၈ ေလာင္း ေတြ႔ရွိခဲ့တယ္လို႔ ဘဟားမား ရဲတပ္ဖြဲ႔က ေျပာပါတယ္။  

ေပ်ာက္ဆံုးေနသူေတြ ဒီထက္မက ရွိႏိုင္ၿပီး လူေပ်ာက္ဆံုးေနမႈေတြကို ရဲစခန္းဆီ အေၾကာင္းၾကားၾကဖို႔ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

ဒိုရီယန် ဟာရီကိန်း မုန်တိုင်းကြောင့် ဘဟားမားမှာ သေဆုံးသူ ၄၅ ဦး ရှိလာ


ဒိုရီယန် ဟာရီကိန်းမုန်တိုင်း ဘဟားမားမှာ တိုက်ခတ်ပြီး တစ်ပတ်အကြာ အစိုးရရဲ့ အရေးပေါ် ဆေးကုသရေးအဖွဲ့ ရောက်ရှိပြီးနောက် မနေ့ စက်တင်ဘာလ ၈ ရက်နေ့အထိ သေဆုံးသူ အရေအတွက် ၄၅ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။


ပြင်းအား အဆင့် ၅ ရှိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ပျောက်ဆုံးနေသူ ရာချီ ရှိတဲ့အတွက် သေဆုံးသူ ဦးရေ ထပ်တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ အာဘာကိုကျွန်းကနေ အလောင်း ၃၇ လောင်းနဲ့ ဂရန်း ဘဟားမားကျွန်းကနေ အလောင်း ၈ လောင်း တွေ့ရှိခဲ့တယ်လို့ ဘဟားမား ရဲတပ်ဖွဲ့က ပြောပါတယ်။


ပျောက်ဆုံးနေသူတွေ ဒီထက်မက ရှိနိုင်ပြီး လူပျောက်ဆုံးနေမှုတွေကို ရဲစခန်းဆီ အကြောင်းကြားကြဖို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)