
0
83




ကက်ရှ်မီးယားမှာ ရှီယာ မွတ်စလင်တွေ စုဝေးမှုကို အိန္ဒိယရဲ ဖြိုခွဲ


အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ အနှံ့အပြားမှာ စက်တင်ဘာလ ၈ ရက်နေ့က ရှီယာ မွတ်စလင်တွေ စုဝေးဖို့ ကြိုးပမ်းမှုကို အိန္ဒိယရဲတွေက ဖြိုခွင်းခဲ့ပါတယ်။


ရှီယာ မွတ်စလင်တွေဟာ ပရောဖတ် အီမန် ဟူစိန် သေဆုံးမှု နှစ်ပတ်လည်အဖြစ် အခုလို စုဝေးဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရက သတ်မှတ်နေရာတွေမှာသာ အထိမ်းအမှတ်ပွဲကို လုပ်ကြဖို့ ကြေညာထားပါတယ်။


သတ်မှတ်နေရာတွေမှာ မဟုတ်ဘဲ စုဝေးဖို့ ကြိုးစားတဲ့ ရှီယာ မွတ်စလင်တွေကို အိန္ဒိယရဲတွေက တုတ်၊ ကြိမ်လုံး၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့လို့ ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့ပါတယ်။ သတင်းယူဖို့ ကြိုးပမ်းတဲ့ ဂျာနယ်လစ်တစ်ဦးရဲ့ ကင်မရာကိုလည်း ရဲတွေက ဖျက်ဆီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)