ဖိလစ္ပိုင္မွာ အာဖရိက ဝက္တုပ္ေကြး ေတြ႔ရွိ၊ ဝက္ ၇ ေထာင္ကို သုတ္သင္

0
81

ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕ အနီးက အနည္းဆံုး ေက်းရြာ ခုနစ္ရြာမွာ အာဖရိက ဝက္တုပ္ေကြး ျဖစ္ပြားေနေၾကာင္း ဓာတ္ခြဲခန္းက အတည္ျပဳၿပီးေနာက္ အာဏာပိုင္ေတြက အာဖရိက ဝက္တုပ္ေကြး မျပန္႔ပြားေအာင္ လုပ္ေဆာင္ေနၾကပါတယ္။

ၿဗိတိန္ကို ေပးပို႔စစ္ေဆးတဲ့ ဝက္ေသြး နမူနာ ၂၀ အနက္ ၁၆ ခုမွာ အာဖရိက ဝက္တုပ္ေကြး ျဖစ္ပြားတာ ေတြ႔ရွိရေၾကာင္း၊ ထပ္မံ စစ္ေဆးဖို႔ လိုအပ္ေၾကာင္း စိုက္ပ်ိဳးေမြးျမဴေရးဝန္ႀကီး ဝီလ်ံ ဒါးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ 

စိုက္ပ်ိဳးေမြးျမဴေရး ဝန္ႀကီး ဒါးက ဝက္ေမြးျမဴေရးလုပ္ငန္းေတြ မထိခိုက္ေအာင္ အစိုးရ ႀကိဳးပမ္းေနမႈကို ျပည္သူေတြ သိရွိေအာင္ ကူညီေပးဖို႔ စာနယ္ဇင္းသမားေတြကို ေမတၱာရပ္ခံထားပါတယ္။ ေလာေလာဆယ္ ရီဇယ္နဲ႔ ဘူလာကန္ ျပည္နယ္ရွိ ေက်းရြာေတြမွာ အာဖရိက ဝက္တုပ္ေကြး ျဖစ္ပြားေနတဲ့ ဝက္ ေကာင္ေရ ၇၄၀၀ ကို သုတ္သင္ခဲ့ပါတယ္။

ဖိလစ်ပိုင်မှာ အာဖရိက ဝက်တုပ်ကွေး တွေ့ရှိ၊ ဝက် ၇ ထောင်ကို သုတ်သင်


ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ အနီးက အနည်းဆုံး ကျေးရွာ ခုနစ်ရွာမှာ အာဖရိက ဝက်တုပ်ကွေး ဖြစ်ပွားနေကြောင်း ဓာတ်ခွဲခန်းက အတည်ပြုပြီးနောက် အာဏာပိုင်တွေက အာဖရိက ဝက်တုပ်ကွေး မပြန့်ပွားအောင် လုပ်ဆောင်နေကြပါတယ်။


ဗြိတိန်ကို ပေးပို့စစ်ဆေးတဲ့ ဝက်သွေး နမူနာ ၂၀ အနက် ၁၆ ခုမှာ အာဖရိက ဝက်တုပ်ကွေး ဖြစ်ပွားတာ တွေ့ရှိရကြောင်း၊ ထပ်မံ စစ်ဆေးဖို့ လိုအပ်ကြောင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဝီလျံ ဒါးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


စိုက်ပျိုးမွေးမြူရေး ဝန်ကြီး ဒါးက ဝက်မွေးမြူရေးလုပ်ငန်းတွေ မထိခိုက်အောင် အစိုးရ ကြိုးပမ်းနေမှုကို ပြည်သူတွေ သိရှိအောင် ကူညီပေးဖို့ စာနယ်ဇင်းသမားတွေကို မေတ္တာရပ်ခံထားပါတယ်။ လောလောဆယ် ရီဇယ်နဲ့ ဘူလာကန် ပြည်နယ်ရှိ ကျေးရွာတွေမှာ အာဖရိက ဝက်တုပ်ကွေး ဖြစ်ပွားနေတဲ့ ဝက် ကောင်ရေ ၇၄၀ဝ ကို သုတ်သင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)