
0
267

 






>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ကုန်သွယ်မှုအားလုံး ဖိလစ်ပိုင် ရပ်ဆိုင်း

ဖိလစ်ပိုင်အစိုးရအဖွဲ့ ဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ကုန်သွယ်မှုအားလုံးဆိုင်းငံသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်နဲ့ နျူကလီယားစမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့မှု တွေ ချမှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အလန် ကာရီတာနိုက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ အတည်ပြုပြောဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ကုန်သွယ်မှုပြုလုပ်တဲ့ ထိပ်ဆုံး ၅ နိုင်ငံထဲမှာ ဖိလစ်ပိုင်နိုင်ငံ ပါဝင်နေပြီး အခုနှစ်ဝက်အတွင်း ၂ နိုင်ငံကြားကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉ သန်းရှိခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံဆီ အမေရိကန်ဒေါ်လာ ၁၆ သန်းတန် ကုန်ပစ္စည်းတွေတင်ပို့ခဲ့ပြီးဖိလစ်ပိုင်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံဆီ အမေရိကန်ဒေါ်လာ ၂၆ သန်းကုန်ပစ္စည်းတင်ပို့ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)