ဂ်ပန္မွာ မုန္တုိင္းထပ္ ဝင္ဦးမယ္

0
251

ဂ်ပန္ႏိုင္ငံေရွ႕ဘက္ ပစိဖိတ္ကမ္း႐ိုးတန္းအနီး အင္အားျပင္း မုန္တိုင္းတစ္ခု တိုက္ခတ္မယ္လို႔ ဂ်ပန္ အစိုးရက သတိေပးထားပါတယ္။

ေလတိုက္ႏႈန္း တစ္နာရီကို ၁၂၆ ကီလိုမီတာ အထိရွိတဲ့ ရွန္းရွန္းလို႔ အမည္ေပးထားတဲ့ အဲဒီ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ မိုးႀကီးေလထန္နိုင္ေၾကာင္း မိုးေလဝသ အရာရွိေတြက သတိေပးေနပါတယ္။ အဲဒီ မုန္တိုင္းရဲ႕ ေရြ႕လ်ားမႈဟာ ေႏွးေကြးတာေၾကာင့္ ကန္တို နဲ႔ တိုဟိုကု  ေဒသေတြရဲ႕ တခ်ိဳ႕ေနရာေတြမွာ မုန္တိုင္းရဲ႕ သက္ေရာက္မႈေတြကို အခ်ိန္ၾကာၾကာ ခံစားရဖြယ္ရွိေၾကာင္း ခန္႔မွန္းထားပါတယ္။

ၾသဂုတ္လ ၈ ရက္ေန႔ တိုင္းထြာခ်က္ေတြအရ ရွန္းရွန္းမုန္တိုင္းဟာ ခ်ိဘခ႐ိုင္ ခတ္ဆုအုရၿမိဳ႕ရဲ႕ ေတာင္နဲ႔ အေရွ႕ေတာင္ဘက္ ကီလိုမီတာ ၁၅၀ အကြာ ပင္လယ္ျပင္မွာ ေရာက္ရွိေနတယ္လို႔ မိုးေလဝသေအဂ်င္စီေတြက ထုတ္ျပန္ထးာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ မုန်တိုင်းထပ် ဝင်ဦးမယ်

ဂျပန်နိုင်ငံရှေ့ဘက် ပစိဖိတ်ကမ်းရိုးတန်းအနီး အင်အားပြင်း မုန်တိုင်းတစ်ခု တိုက်ခတ်မယ်လို့ ဂျပန် အစိုးရက သတိပေးထားပါတယ်။

လေတိုက်နှုန်း တစ်နာရီကို ၁၂၆ ကီလိုမီတာ အထိရှိတဲ့ ရှန်းရှန်းလို့ အမည်ပေးထားတဲ့ အဲဒီ တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးကြီးလေထန်နိုင်ကြောင်း မိုးလေဝသ အရာရှိတွေက သတိပေးနေပါတယ်။ အဲဒီ မုန်တိုင်းရဲ့ ရွေ့လျားမှုဟာ နှေးကွေးတာကြောင့် ကန်တို နဲ့ တိုဟိုကု ဒေသတွေရဲ့ တချို့နေရာတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကို အချိန်ကြာကြာ ခံစားရဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။

သြဂုတ်လ ၈ ရက်နေ့ တိုင်းထွာချက်တွေအရ ရှန်းရှန်းမုန်တိုင်းဟာ ချိဘခရိုင် ခတ်ဆုအုရမြို့ရဲ့ တောင်နဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာ ပင်လယ်ပြင်မှာ ရောက်ရှိနေတယ်လို့ မိုးလေဝသအေဂျင်စီတွေက ထုတ်ပြန်ထးာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)