ပါကစ္စတန်မှာ COVID-19 ကြောင့် တစ်ရက်အတွင်း လူ ၁၀၀ ကျော် သေဆုံးမှု စံချိန်တင်

0
263

ပါကစ္စတန်နိုင်ငံမှာ မတ်လအလယ်ပိုင်းက lockdown ချပြီး နောက်ပိုင်း COVID-19 ရောဂါကြောင့် ပထမဆုံးအကြိမ် တစ်ရက်အတွင်း လူ ၁၀၀ ကျော် သေဆုံးမှုအဖြစ် မနေ့ ဇွန်လ ၈ ရက်နေ့က စံချိန်တင်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဇွန်လ ၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၈၀၀၀ ကျော်၊ ဆေသုံးသူပေါင်း ၂၁၇၂ ဦးနဲ့ ရောဂါကနေ ပြန်လည် သက်သာလာသူပေါင်း ၃၅၀၀၀ ကျော် ရှိပါတယ်။

ဆရာဝန်တွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေက ကန့်ကွက် ဝေဖန်နေတဲ့ကြားက ပါကစ္စတန် ဝန်ကြီးချုပ် အင်မ်ရန် ခန်းက lockdown ဖြေလျှော့မှုတွေ ဆက်ပြီး လုပ်နေပါတယ်။ အကြောင်းပြချက်ကတော့ lockdown ဆက်လုပ်ထားရင် တိုင်းပြည်ရဲ့ ချည့်နှဲ့နေတဲ့ စီးပွားရေး ပြိုလဲတော့မှာ ဖြစ်ပြီး လူဦးရေ သန်း ၂၂၀ အနက် အဆင်းရဲဆုံးလူတွေ ဒုက္ခရောက်လိမ့်မယ်လို့ ဝန်ကြီးချုပ် ခန်းက ပြောပါတယ်။

ပါကစ္စတန်မှာ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၃၀ ရာခိုင်နှုန်းရှိပြီး တစ်ရက်ကို အနေမရိကန် ဒေါ်လာ ၁ ဒသမ ၉၀ နဲ့ အောက်သာ ဝင်ငွေရှိတဲ့သူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ပါကစ္စတန်နိုင်ငံဟာ မျက်နှာ နှာခေါင်းစည်းတပ်ဖို့၊ ခပ်ခွာခွာနေဖို့ မလိုက်နာသူတွေကို အရေးယူမှု မရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဝန်ကြီးချုပ် ခန်းကိုယ်တိုင် ရုပ်သံကနေ နှာခေါင်းစည်း တပ်ကြဖို့ မနေ့က ပြည်သူကို မေတ္တာရပ်ခံထားရပါတယ်။

___________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)