ပါကစ္စတန်မှာ အူရဒူဘာသာစကား သင်ယူတဲ့ တရုတ်စုံတွဲကို အိုင်အက်စ်အဖွဲ့ သတ်ဖြတ်

0
291

မေလနှောင်းပိုင်းက ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်လိုက်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအစ္စလာမ်မစ် အစွန်းရောက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အာမတ်သတင်းဌာနက ဒီသတင်းကို အာရဗီဘာသာစကားနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အလွန်အမင်းစိုးရိမ်ပူပန်နေပြီး သတင်းအချက်အလက်တွေကို စိစစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရချိန်မှာ အဆိုပါတရုတ်စုံတွဲဟာ ခေးတားမြို့ရှိ အူရဒူဘာသာစကား စင်တာတစ်ခုမှာ သင်ယူမှုပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
ဘာသာစကားကျောင်းကနေ ထွက်လာချိန်မှာ လက်နက်ကိုင်တွေက ဒီတရုတ်စုံတွဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အခြားတရုတ်အမျိုးသမီးတစ်ဦးကတော့ လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်တွေ့ ဆုံချိန်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိရပါတယ်။
ဖမ်းဆီးပြန်ပေးဆွဲခံရချိန်က မိမိတို့အဖွဲ့ရဲ့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်နဲ့ အခြားစစ်သွေးကြွအုပ်စုတွေက ပြောဆိုခဲ့ခြင်းမရှိပါဘူး။

အဆိုပါ ပြန်ပေးမှုဖြစ်ပွားခဲ့တဲ့ ဘာလိုချီစ္စတန်ပြည်နယ်မှာ နိုင်ငံခြားသားတွေကို အစ္စလာမ်မစ်လက်နက်ကိုင်အုပ်စုနဲ့ ခွဲထွက်ရေး အုပ်စုတွက ပြန်ပေးဆွဲတာတွေ မကြာခင်နှစ်တွေအတွင်းက စတင်ဖြစ်ပွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)