တရုတ်ထိပ်တန်း သူဌေး ချေးငွေအများအပြားကို မတရားနည်းလမ်းနဲ့ ရယူခဲ့ကြောင်း သတင်းထွက်ပေါ်

0
245

ချေးငွေအများအပြားကို လိမ်ညာလှည့်ဖြားတဲ့နည်းလမ်းနဲ့ ရယူဖို့ ပြည်ပရောက်နေတဲ့ တရုတ်ထိပ်တန်းသူဌေးကြီး ဂွမ်ဝမ်ဂူဟာ သူ့ရဲ့ဝန်ထမ်းတွေကို ညွှန်ကြားခဲ့ကြောင်း တရုတ်နိုင်ငံတောင် အရှေ့မြောက်ပိုင်း လီယိုနင်ပြည်နယ်က တရားရုံးတစ်ခုမှာ သူ့ရဲ့ အိမ်ခြံမြေကုမ္ပဏီက ထွက်ဆိုလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ဒေါ်လာ ၄၇၀.၅ သန်းကို တရုတ်စိုက်ပျိုးရေးဘဏ်ကနေ ရယူဖို့ လိင်ညာထားတဲ့ စာရွက်စာတမ်းတွေကို အသုံးချပြီး လုပ်ဆောင်ခဲ့ ကြောင်း သူဌေးကြီးဝမ်ရဲ့ ဘေဂျင်းအခြေစိုက် ပန်ဂူရင်းနှီးမြှပ်နှံမှုကုမ္ပဏီက တရားရုံးမှာ လေးနာရီကြာ ထွက်ဆိုချက်မှာ ၀န်ခံခဲ့ပါတယ်။

အဆိုပါချေးငွေကို ၂၀၁၄ ခုနှစ်မှာ ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေကြေးဝယ်ယူမှုဆိုပြီး လည်း လိမ်ညာမှုလုပ်ခဲ့ကြောင်း ကုမ္ပဏီက တရားခုခံသူနှစ်ဦးက ထွက်ဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ သူဌေးကြီးဝမ်က အဲဒီဝန်ထမ်းတွေအနေနဲ့ ထွက်ဆိုတဲ့အချက်အလက်တွေက အဖြစ်မှန်နဲ့လွဲချော်နေကြောင်း၊ လစာငွေနဲ့ ဘောနပ်စ်တွေ ပိုတိုးပြီးလိုချင်တာကြောင့် သူတို့အမှားအယွင်းလုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၀မ်က ဖြေရှင်းတဲ့ ဗွီဒီယိုပို့စ်ကို ဒီကနေ့မှာ အွန်လိုင်းတင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သူဌေးကြီးဝမ်ဟာ ပြည်ပကို ပြည်ပြေးအနေနဲ့ ရောက်ရှိနေရပြီး တရုတ်အစိုးရက သူ့ကို နိုင်ငံရေးအရ အန္တရာယ် ပေးနိုင်တဲ့သူလို့ မြင်ထားပါတယ်။

သူဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့ရှိ ဗဟိုပန်းခြံက ဒေါ်လာ ၆၈ သန်းတန် တိုက်ခန်းမှာ နေထိုင်နေပါတယ်။ ဒါပေမဲ့ ဘီလျံနာဟောင်း အတွင်းလူဖြစ်တဲ့အပြင် တရုတ်ထိပ်တန်း ထောက်လှန်းရေးအရာရှိတွေထဲက တစ်ဦးဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေး ဒုဝန်ကြီးဟောင်း မာဂျင်းနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိနေတာကြောင့် အွန်လိုင်းမှာလူသိများပြီး တရုတ်နိုင်ငံရေးလောကရဲ့ဗဟိုချက်မှာ ၀မ်က ရပ်တည်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)