မဲအများစုရှုံးတဲ့ ဗြိတိန်ဝန်ကြီးချုပ် နူတ်ထွက်ဖို့ ဖိအားနဲ့ ကြုံတွေ့နေ

0
270

ပါလီမန်ဆိုင်ရာမဲအများစုကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေဟာ ဒီကနေ့ ဇွန်လ ၉ရက်နေ့မှာ နူတ်ထွက်ဖို့ဖိ အားပေးတာနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီ ဖြစ်စဉ်ကြောင့် ဥရောပသမဂ္ဂထဲက နူတ်ထွက်ဖို့ကိစ္စလည်းေ၀၀ါးလာစေသလို တိုင်းပြည်ကိုလည်း မရေရာမှုတွေ တိုးပွားလာစေပါတယ်။

ကွန်ဆာဗေးတစ်ခေါင်းဆောင်အနေနဲ့ အစိုးရမဖွဲ့နိုင်မယ့်အခြေအနေကို စိုးရိမ်ပူပန်နေရတဲ့အခြေအနေဖြစ်နေပါတယ်။ အကြမ်း ဖက်တိုက်ခိုက်မှုရဲ့ ဂယက်ရိုက်ခံနေရပြီး နူတ်ထွက်ဖို့ ဖိအားပေးခံနေရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ထရီစာမေက ဥရောပသမဂ္ဂထဲက ထွက်ဖို့လုပ်ဆောင်နေချိန်မှာ တိုင်းပြည်အတွက် တည်ငြိမ်မှုရှိတဲ့အခြေအနေတစ် ရပ်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

မဲဆန္ဒရလဒ်အားလုံးထွက်လာချိန်မှာ သူမရဲ့ပါတီအနိုင်ရနိုင်မယ်လို့လည်း မေကမျှော်မှန်းထားပါတယ်။
ဒါပေမဲ့လည်း လက်ဝဲယိမ်း အတိုက်အခံပါတီခေါင်းဆောင် ဂျလာမီကော်ဘီက ယုံကြည်အားကိုးမှုတွေကို ဆုံးရှုံးရသလို မဲလည်း ရှုံး နိမ့်သွားပြီဖြစ်လို့ သီရေဆာမေအနေနဲ့ နူတ်ထွက်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရွေးကောက်ပွဲကို သုံးနှစ်စောပြီးကျင်းပဖို့ ထရီစာမေက ဆုံးဖြတ်ခဲ့တာကိုလည်း ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)