ဂျပန်ပြည်သူတွေဒုံးကျည် ကာကွယ်ရေးကြိုတင်လေ့ကျင့်မှုတွေ တွေ ပြုလုပ်

0
310

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း  စာကာတာမြို့မှာ ရှိတဲ့ ဒေသခံ ၄၀၀ ကျော်ဟာ ဒီကနေ့ ဇွန်လ ၉  ရက်နေ့မှာ မြောက်ကိုရီးယား ဒုံးကျည် ကာကွယ်ရေး ကြိုတင်လေ့ကျင့်မှုတွေကို ပြုလုပ်နေကြပါတယ်။

ပြီးခဲ့တဲ့ လတုန်းက မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ဂျပန်ပင်လယ်ထဲ ကျရောက်ပြီး နောက်ပိုင်း ဂျပန်ပြည်သူတွေကြားစိုးရိမ်ပူပန်မှုတွေရှိနေခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့် ဂျပန်ဝန်ကြီးချုပ်က  ဂျပန်နိုင်ငံ မူလတန်း ကျောင်းက ကလေးငယ်တွေက စပြီး ဒေသခံ ပြည်သူတွေအထိ ကာကွယ်နိုင်မဲ့ လေ့ကျင့်မှုတွေ  ကြိုတင်ပြင်ဆင်ကြဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုလေ့ကျင်မှုတွေကို ကျောင်းသားမိဘတွေ အပါအ၀င် ကျောင်းသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး မြောက်ကိုရီးယားဘက်က ဒုံးကျဉ်ပစ်ခတ်ခဲ့လာရင် ကြိုတင် လုပ်ဆောင်ရမဲ့ အချက်တွေကို လေ့ကျင့်ခဲ့ကြ တာပဲ ဖြစ်ပါတယ်။

ဒုံးကျည်ပစ်လွှတ်လိုက်တယ် ဆိုတဲ့ အချက်ပေးသံကို ကြားတာနဲ့ ဒေသခံတွေဟာ သက်ဆိုင်ရာ က သတ်မှတ် ပေးထားတဲ့ ကယ်ဆယ်ရေးစင်တာဆီ  အမြန်ဆုံးသွားရောက်ရမှာပဲဖြစ်ပါတယ်။ မြောက်ကိုရီးယား ကနေ ဂျပန် နိုင်ငံကို  ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ရောက်ဖို့ အချိန် ၁၀ မိနစ် သာကြာပြီး ၁၀ မိနစ် မတိုင်ခင် အရောက်သွား နိုင်ဖို့ လေ့ကျင့် မှုတွေကို ပြုလုပ်ခဲ့ကြတာပါ။

မြောက်ကိုရီးယားနိုင်ငံရဲ့ဒုံးကျည်ပစ်လွှတ်တဲ့ ၀က်ဆန်  မြို့နဲ့ ဂျပန်နိုင်ငံ စာကာတာ မြို့ဟာ မိုင်ပေါင်း ၆၂၁ မိုင်သာ ကွာ ဝေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)