ဗင်နီဇွဲလားဆန္ဒပြပွဲအတွင်းသေဆုံးသွားခဲ့တဲ့ လူငယ်တွေအတွက်အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

0
280

ဗင်နီဇွဲလားနိုင်ငံအတွင်း ပြင်းထန်တဲ့ ဆန္ဒပြမှုတွေဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့ပြီး အဲ့ဒီဆန္ဒပြမှုအတွင်း သေဆုံးသွားခဲ့တဲ့ လူငယ်တွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ဇွန် ၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲ အတွင်းသေဆုံးခဲ့ပြီး အသက် ၁၇ အရွယ်သာရှိသေးတဲ့  နီရိုမာလ်ဒဲလ် ဆိုတဲ့ လူငယ်တစ်ဦးလည်း ထပ်မံသေဆုံးခဲ့ပြီး  အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြား သေဆုံးခဲ့သူ ၆၇ ဦးအထိ ရှိလာခဲ့ပါပြီ။

အဲ့ဒီိအခမ်းအနားကို  လူပေါင်းများစွာစုဝေးတက်ရောက်ခဲ့ပြီး  ဖယောင်းတိုင်ကိုင်ဆောင်ထွန်းညှိကာ ဆုတောင်းပေးမှု တွေပြုလုပ်ခဲ့ပါတယ်။

အစိုးရအာဏာပိုင်တွေကတော့ ဒီလူငယ်သေဆုံးရတဲ့ အကြောင်းအရင် ဆန္ဒပြပွဲတွင်း မိမိပြုလုပ်တဲ့ လက်လုပ်ဗုံးကြောင့်သာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဥပဒေပညာရှင်တွေဘက်ကတော့ ပစ်ခတ်ခံခဲ့ရတာကြောင့်ဖြစ်တယ်လို့ အပြန်အလှန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)