ဗြိတိသျှ ရွေးကောက်ပွဲမှာ အမျိုးသမီး အမတ် ၂၀၀ ကျော် အရွေးခံရပြီး သမိုင်းဝင် စံချိန်တင်

0
295

ဗြိတိသျှ ရွေးကောက်ပွဲမှာ အမျိုးသမီး အမတ် ၂၀၀ ကျော် အရွေးခံရပြီး သမိုင်းဝင် အမြင့်ဆုံးစံချိန် ဝင်သွားပါတယ်။ မနေ့က ဇွန်လ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသမီး အမတ်များဟာ အောက်လွှတ်တော်မှာ အရွေးခံရတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ၁၉၁ ယောက်နဲ့ စံချိန်တင်ထားတာနဲ့ ပြီးခဲ့တဲ့ ပါလီမန် ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသမီး အမတ် ၁၉၆ ဦး အရွေးခံခဲ့ရတာကို ကျော်ဖြတ်သွားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ လေဘာပါတီက ဆစ်ခ်လူမျိုး အမျိုးသမီး ပရိ ကူအာ ဂေးလ်ဟာ ပထမဆုံး ဆစ်လူမျိုး အမျိုးသမီးအမတ် ဖြစ်ပါတယ်။ လေဘာပါတီကပဲ ဆလော့မဲဆန္ဒနယ်က အရွေးခံရတဲ့ တန်မန်ဂျိ ဆင်းဂ်ဟာ ပထမဆုံး ဆစ်ခ်လူမျိုး အမျိုးသား ဖြစ်ခဲ့ဖူးပါတယ်။

အမျိုးသမီးအမတ်တွေ သမိုင်းဝင် စံချိန်တင် အရွေးခံရမှုအတွက် လူမှုမီဒီယာတွေမှာ ချီးကျူးဂုဏ်ပြုနေကြပါတယ်။

ပါလီမန်မှာ အမျိုးသားအမတ်ဦးရေ ၄၅၄ ဦး ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)