နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု ၁၄ ဦးသေ

0
296

နိုင်ဂျီးရီးယားနိုင်ငံ Maiduguri  မြို့မှာ ဇွန် ၆ ရက်နေ့က ဘိုကိုဟာရမ်လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့သူ ၁၄ ဦးရှိခဲ့ပါတယ်။

အဲ့ဒီအကြမ်းဖက်အုပ်စုတွေဟာ မြို့အတွင်း ၀င်ရောက်ပစ်ခတ်ခဲ့ပြီး  ကလေးငယ်တစ်ဦးရဲ့ဦးခေါင်းကို ထိမှန်မှုတွေရှိခဲ့ပါတယ်။

အစ္စလာမ်မစ်စစ်သွေးကြွတွေထဲက အုပ်စုတစ်စုဖြစ်တဲ့ ဘိုကိုဟာ ရမ်အဖွဲ့ဟာ  မြို့ရဲ့အရှေ့ပိုင်းနဲ့ မြောက်ပိုင်းနေရာတွေကို မကြာခဏ၀င်ရောက်တိုက်ခိုက်နေပြီး ဘော်နို ပြည်နယ်ထဲက ဒေသခံ ထောင်ပေါင်းများစွာလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီတပ်ဖွဲ့တွေကြောင့် လူပေါင်း ၂သောင်းနီးပါးသေဆုံးမှုရှိခဲ့ပြီး ဒေသခံပြည်သူ သုံးသန်းနီးပါး အိုးအိမ်မဲ့ဖြစ်လာကာ ဒါဟာကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုဖို့ အရေးကြီးတဲ့ အခြေအနေ တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)