မြန်မာမျိုးသမီး ဘောလုံးအသင်း အာစီယံ U-15 ပွဲမှာ ပွဲဦးထွက် အနိုင်ရ

0
434

လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမြို့မှာ မေလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံ U-15 အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာ U-15 အမျိုးသမီးဘောလုံးအသင်းက  အိမ်ရှင်လာအိုအသင်းကို ၂ ဂိုး ၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

(သတင်းဓာတ်ပုံ – VBN – Vietnam Breaking News)

အဲ့ဒီနေ့ပွဲစဉ်မှာပဲ အုပ်စု A  မှာ ပါဝင်တဲ့ ထိုင်းအမျိုးသမီး ဘောလုံးအသင်းကလည်း ဗီယက်နမ်အသင်းကို ၁ ဂိုး ၀ နဲ့ အနိုင်ရရှိခဲ့တာပါ။

ဗီယက်နမ်နဲ့ မြန်မာအသင်းတို့ကတော့ လာမယ့် မေလ (၁၂) ရက်နေ့ သောကြာနေ့မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

 ဒီကနေ့ မေလ ၉ ရက်နေ့မှာတော့ ဖိလစ်ပိုင်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အဲ့ဒီနောက်မှတော့ စင်္ကာပူနဲ့ ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အမျိုးသမီး U-15 ပြိုင်ပွဲကို အာစီယံ ဒေသတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံ ၉ နိုင်ငံ က အမျိုးသမီးဘောလုံး အသင်းတွေ အုပ်စု ၂ စု ခွဲ ယှဉ်ပြိုင်နေကြတာပါ။  

အုပ်စုပတ်လည် ပွဲစဉ်တွေ အပြီးမှာတော့ ဆီမီး ဖိုင်နယ်ကို အုပ်စုဗိုလ် အသင်း ၂ သင်းစီ တက်ရောက်မှာဖြစ်ပြီး ဖိုင်နယ်ပွဲကိုတော့ မေလ ၂၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)