ဖေ့ဘွတ်ခ်က မုန်းတီးမှုဖော်ပြတဲ့ပို့စ်တွေကို ဖျက်ပစ်ရမယ်လို့ သြစတေးလျှတရားရုံးဆုံးဖြတ်

0
260

နာမည်ကျော်လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘွတ်ခ်မှာ မုန်းတီးမှုကို ဖော်ပြတဲ့ပို့စ်တွေကို ကုမ္ပဏီအနေနဲ့ မဖြစ်မနေဖျက်ပစ်ရမယ်လို့ သြစတေးလျှတရားရုံးတစ်ခုက ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။

သြစတေးလျှနိုင်ငံက ဂရင်းပါတီရဲ့ခေါင်းဆောင်ကို အကောင့်အတုနဲ့ဖေ့ဘွတ်ခ်ပေါ်မှာ ပစ်မှတ်ထားရေးသားမှုကြောင့် တရားရုံး တင်ခဲ့ရာက အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

သြစတေးလျှတစ်နိုင်ငံတည်းမဟုတ်ဘဲ တကမ္ဘာလုံးပျံ့နှံနေတဲ့ပို့စ်တွေကိုပါ ဖျက်ပစ်ပေးရမယ်လို့ ဖေ့ဘွတ်ခ်ကိုတရားရုံးက ဆုံး ဖြတ်လိုက်တာဖြစ်ပါတယ်။ ဖေ့ဘွတ်ခ်ကုမ္ပဏီကတော့ ယင်းကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အွန်လိုင်းပေါ်မှာ လှောင်ပြောင်ပြီး သတင်းအချက်အလက်မှားတွေဖြန့်ချိနေတာကို တိုက်ဖျက်ချင်နေတဲ့သူတွေအတွက် ဒီဆုံး ဖြတ်ချက်က အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီလိုဖျက်ပစ်တာမျိုးလုပ်ဆောင်ဖို့ ဖေ့ဘွတ်ခ်ကုမ္ပဏီအနေနဲ့ အခက်အခဲမဖြစ်ကြောင်းလည်း  အဆိုပါတရားရုံးက ပြောကြား ခဲ့ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)