ဗင်နီဇွဲလား တိုင်းရင်းသားအုပ်စု တိုင်းပြည်ဝရုန်းသုန်းကားဖြစ်စဉ်ကြောင့် ဘရာဇီးကိုရှောင်ပြေး

0
292

ဗင်နီဇွဲလားနိုင်ငံ၊ အိုရီနိုကိုမြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်တဲ့ ၀ါရာအိုတိုင်းရင်းသား ၄၀၀ခန့်ဟာ အမေဇုန်တောအတွင်းရှိ ဘရာဇီးမြို့ မာနူစ်ကိုရောက်ရှိနေကြပါတယ်။

အဆိုပါအရေးကိစ္စကို ကူညီပေးနိုင်ဖို့ အစိုးရနေနဲ့ရန်ပုံငွေထောက်ပံ့ပေးဖို့ လူမှုရေးအရေးပေါ်အခြေအနေအဖြစ် အာဏာပိုင်တွေ က ကြေငြာခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေက ပိုမိုဆိုးရွားလာတာကြောင့် ငတ်မွတ်ပြီး ထွက်ပြေးလာကြတာဖြစ် ကြောင်း ၀ါရာအိုတိုင်းရင်းသားတွေက ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ မိုင်ပေါင်း ၁၂၅၀ခန့် ဖြတ်ကျော်ပြီမှာ ဘရာဇီးမြို့ကိုရောက်ရှိ ခဲ့ကြတာဖြစ်ပါတယ်။

ဝါရာအိုတိုင်းရင်းသားတစ်ချို့ဟာ ဘရာဇီးမြောက်ပိုင်းဒေသက ရိုရီမားပြည်နယ်ဘက်ကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြပါ တယ်။

ရိုရီမားပြည်နယ်ရဲ့မြို့တော် ဘိုအာဗစ္စတာကို ၀ါရာအိုတိုင်းရင်းသား ၅၀၀ခန့် နယ်စပ်ဖြတ်ကျော်ပြီး ရောက်ရှိနေတယ်လို့ ဘရာဇီး အာဏာပိုင်တွေက ပြောပါတယ်။

မာနူစ်မြို့ကိုရောက်ရှိနေတဲ့ ၀ါရာအိုတိုင်းရင်းသားတွေရဲ့အခြေအနေက အတော်ကြီးကို ဆိုးရွားနေပြီး မီးပွိုင့်တွေမှာ တောင်းရမ်း စားသောက်နေရတဲ့ဘ၀ကို ရောက်နေကြရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)