နိုင်ငံတော်လုံခြုံရေးအကြံပေးခန့်အပ်မှုအပေါ် သမ္မတထရန့်အား အိုဘာမားဝေဖန်ပြောကြား

0
344

နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် မိုက်ကယ်ဖလင်းကို ခန့်အပ်မှုအပေါ် ရွေးကောက်ခံသမ္မတဖြစ်တဲ့ထရန့်ကို အိုဘာမားက သတိပေးပြောကြားလိုက်ကြောင်း အိမ်ဖြူတော်က အတည်ပြုလိုက်ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲအပြီး ၄၈နာရီအကြာ အိမ်ဖြူတော်ရှိရုံးခန်းမှာ အိုဘားမားက သူ့ရဲ့ရာထူး ကိုဆက်ခံမယ့် ဒေါ်နယ်လ်ထရန့် ကို သတိပေးပြောဆိုခဲ့တာဖြစ်ကြောင်း အိုဘာမားရဲ့ယခင်အရာရှိဟောင်းတွေက ပြောဆိုခဲ့ပါတယ်။

မစ္စတာဖလင်းရဲ့ ရုရှားသံတမန်နဲ့ ဆက်နွယ်မှုက နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဖြစ်လာချိန်မှာ အကြပ်ကိုင်ခံရဖို့ လွယ်ကူတဲ့ အခြေအနေဖြစ်စေတယ်လို့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဆီးနိတ်အဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလိုရုရှားနဲ့ဆက်နွယ်နေမှုကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာ မိုက်ကယ်ဖလင်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

မစ္စတာဖလင်းဟာ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ထရန့်အနေနဲ့ သမ္မတအဖြစ် ကျမ်းကျိန်ပွဲမတိုင်ခင်က ရုရှသံတမန် ဆာဂျီက လစ်ရက်ခ်နဲ့ဆွေးနွေးမှုမှာ အမေရိကန်ရဲ့ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအကြောင်း ထရန့်အစိုးရအနေနဲ့ နားလည်မှုလွဲမှားအောင် ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)