လုံခြုံရေးအချက်ပေးမှုနောက်ပိုင်း ပြင်သစ်ဘူတာရုံပြန်ဖွင့်ပြီ

0
265

ပြင်သစ်မြို့တော်ပါရီရှိ ဂါရေးဒူနော့ဘူတာရုံကို လုံခြုံရေးအချက်ပေးမှုနောက်ပိုင်း တနင်္လာနေ့ညနေပိုင်းမှာ အာဏာပိုင်တွေက အများပြည်သူကို အသုံးပြုခွင့် ပြန်ပေးခဲ့ကြောင်း သိရှိရပါတယ်။

ဥရောပရဲ့လူသွားလူလာအများဆုံး ဘူတာရုံကြီးကို ရုတ်တရက်ပိတ်လိုက်တဲ့အကြောင်းရဲ့အသေးစိတ်ကို ပြင်သစ်အာဏာပိုင် တွေက မဖော်ပြခဲ့ပါဘူး။ ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်အရ သံသယတရားခံသုံးဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့တာဖြစ် ကြောင်းသိရှိရပါတယ်။

၂၀၁၅ခုနှစ်၊ ပါရီမြို့အကြမ်းဖက်မှုနောက်ပိုင်း ပြင်သစ်နိုင်ငံမှာ လုံခြုံရေးအရအရေးပေါ်အခြေအနေ ကြေငြာချက်ထုတ်ပြန်ထားပါ တယ်။

ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း နိုင်ငံတ၀ှန်းလုံးမှာ လုံခြုံရေးတွေ အများအပြား ချထားခဲ့တာကို တွေ့ရှိရပါတယ်။

ဘူတာရုံမှာ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးဟာ ပြင်သစ်မြောက်ပိုင်း၊ ဗဲလ်လန်စီယန်နက်စ်ကလာတဲ့ ရထားတစ်စင်းကို အဓိကထား လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပါရီသတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။

သံသယရှိသူတွေကို ဘော်ဒိုးနဲ့ မာဆိုင်းလ်မြို့တွေမှာ အာဏာပိုင်တွေက စတင်ခြေရာခံမိခဲ့တာလို့ ဆိုပါတယ်။ အဲဒီမြို့တွေမှာ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အခုလို မြို့တော်ဘူတာရုံကြီးမှာ စစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ယက်တွေမှာ ပျံ့နှံနေတဲ့ ရုပ်သံဖိုင်တွေအရ ရဲကားပေါင်းများစွာ ဘူတာရုံကို ၀န်းရံစောင့်ကြည့်နေတာကို တွေ့ရှိရပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)