အရီးဇိုးနားပြည်နယ်က လူသတ်မှုဆက်တိုက်ကျုးလွန်ခဲ့သူကို ဖမ်းမိပြီ

0
283

အမေရိကန်နိုင်ငံ၊ အရီဇိုနားပြည်နယ်ရှိ ဖိုးနစ်ဇ်ဒေသမှာ လူသတ်မှုဆက်တိုက်ကျုးလွန်ခဲ့တဲ့ တရားခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

အာရွန်ဆူဆက်ဒို ၂၃နှစ်ဟာ ၂၀၁၅ခုနှစ်၊ သြဂုတ်လကတည်းက လူသတ်မှုတစ်ခုနဲ့ဆက်နွယ်ပြီး ရာဇ၀တ်မှုဥပဒေနဲ့အရေးယူခံ ထားခဲ့ရသူဖြစ်ပါတယ်။

အမေရိကန်ရဲတပ်ဖွဲ့ရဲ့ ဆက်လက်ဖော်ထုတ်မှုအရ ၂၀၁၆ခုနှစ်၊ဇန်န၀ါရီလကနေ ဇူလိုင်လအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့နောက် ထပ် လူသတ်မှု ၈မှုကိုလည်း အဆိုပါတရားခံ အာရွန်ဆူဆက်ဒိုကပဲ ကျုးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို လူသတ်မှုဆက်တိုက်ကျုးလွန်ရခြင်းရဲ့နောက်ကွယ်က စေ့ဆော်မှုကို မပြောနိုင်သေးပေမယ့် အဆိုပါပြစ်မှုအားလုံးကို အာ ရွန်တစ်ဦးတည်းကျုးလွန်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တရားခံရှေ့နေကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

၂၀၁၅ခုနှစ်က အသတ်ခံရသူဟာ အသက် ၆၁နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး တရားခံရဲ့မိခင်ဖြစ်သူနဲ့ ချစ်ကြိုတ်နေသူဖြစ် တယ်လို့ ဖိုးနစ်ဇ်ရဲတပ်ဖွဲ့အကြီးအကဲ ဂျာရီဝီလျံက ပြောပါတယ်။

အခြားသားကောင်တွေကိုတော့ ကြုံသလိုပစ်မှတ်ထားသတ်ဖြတ်ခဲ့တာဖြစ်နိုင်ပြီး အသက် ၁၂နှစ်သမီးကနေ အသက် ၅၅နှစ်အ ရွယ်အမျိုးသမီးကြီးအထိ ပါဝင်ကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)