ဂျကာတာမြို့တော်ဝန် ဘာသာရေးစော်ကားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ

0
290

အကြမ်းဖက်လုပ်ဆောင်မှုကို ကိုးကားပြောဆိုမှုနဲ့ ဘာသာရေးစော်ကားမှုတို့အတွက် တာဝန်ကနေ ရပ်စဲခံရတော့မယ့် ဂျကာတာ မြို့တော်ဝန်ကို ထောင်ဒဏ်နှစ်နှစ်ချမှတ် အပြစ်ပေးလိုက်ပါတယ်။

ဘာဆူကီတာဟာဂျာပူနာမာ ဆိုသည့် အဆိုပါမြို့တော်ဝန်ကို အာဟော့ခ်လို့ အင်ဒိုနီးရှားမှာ လူသိများပြီး မြို့တော်ကို ပထမဆုံး အကြိမ်အုပ်ချုပ်ခွင့်ရခဲ့သူ တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတစ်ခုမှာ ကိုရန်ကျမ်းထဲက စာပုဒ်တစ်ခုကို ကိုးကားပြောဆိုပြီး အစ္စလာမ်ဘာသာကို စော်ကားခဲ့တယ်ဆို ပြီး စွပ်စွဲအပြစ်ပေးခံခဲ့ရတာဖြစ်ပါတယ်။

ဘာသာရေးအရစော်ကားတယ်ဆိုတဲ့စွဲချက်ကို မစ္စတာအာဟော့ခ်က ငြင်းပယ်ခဲ့ပြီး အယူခံဝင်မှာဖြစ်ကြောင်း တရားရုံးမှာ ပြော ဆိုခဲ့ပါတယ်။

ဘာသာရေးအရတင်းမာသူတွေအကြားမှာ သူ့ရဲ့မှတ်ချက်က ဒေါသပေါက်ကွဲစေခဲ့ပါတယ်။

အချို့ဘာသာရေးအစွန်းရောက်သူတွေက အာဟော့ခ်ကို သတ်ဖြတ်ဖို့အထိတောင်းဆိုနေကြပြီး အများစုက သူ့ကိုတရားရုံးတင်ဖို့ ကြီးမားများပြားတဲ့လူစုလူဝေးအုပ်စုကြီးနဲ့ ဆန္ဒပြနေခဲ့ကြပါတယ်။

ဒါ့အပြင် မစ္စတာအာဟော့ခ်ကို ရုံးထုတ်ချိန်မှာလည်း ရဲတပ်ဖွဲ့မှ အင်အား တစ်သောင်းခွဲခန့်သုံးပြီး လုံခြုံရေးယူပေးခဲ့ရပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)