တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ ယနေ့ကျင်းပ

0
295

ယခင်သမ္မတဟောင်းကို အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်မှုဖြင့် ဖယ်ရှားခဲ့ပြီးနောက် သတ်မှတ်ချိန်ထက် စောပြီးကျင်းပ ခဲ့တဲ့ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲကို ယနေ့ကျင်းပနေပါတယ်။

လက်ဝဲယိမ်းနိုင်ငံရေးအယူအဆရှိတဲ့ မွန်ဂျေအင်းက ဦးဆောင်နေပြီး သူ့ရဲ့အနီးကပ်ဆုံးပြိုင်ဘက်ကတော့ အလယ်အလတ် ၀ါ ဒီ  အန်ချုလ်ဆူးဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ တင်းမာမှုမြင့်တက်နေပြီး စီးပွားရေးအရ မရေရာမှုတွေ ဖြစ်ပေါ်နေချိန်မှာ ကျင်းပခဲ့ရတဲ့တောင်ကိုရီးယား ရွေး ကောက်ပွဲကို အားလုံးက အနီးကပ်စောင့်ကြည့်လေ့လာနေကြပါတယ်။

ခေါင်းဆောင်ဟောင်းပတ်ဂွန်ဟေးက မြောက်ကိုရီးယားနဲ့ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ဖို့ရည်ရွယ်ခဲ့ပေမယ့် မွန်ဂျေအင်း ကတော့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးတိုးမြှင့်လိုသူတစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။

သမ္မတလောင်း ၁၃ဦးကို ရွေးချယ်ရတာဖြစ်ပြီး လူငယ်မဲဆန္ဒရှင်များပြားမှုကြောင့် မဲရုံတွေမှာ လူပြည့်လျံနေမယ်လို့ စောင့်ကြည့် လေ့လာသူတွေက ယူဆထားကြပါတယ်။

မဲရုံတွေကို ဒေသစံတော်ချိန် ည ၈နာရီမှာ ပိတ်သိမ်းမှာဖြစ်ပြီး ပိတ်သိမ်းပြီးမကြာခင်မှာဘဲ ရွေးချယ်ခံသမ္မတကို ကြေငြာမယ်လို့ သိရှိရပါတယ်။

လူငယ်အလုပ်လက်မဲ့ပမာဏကို လျော့ချပေးဖို့နဲ့ အထိမခံဖြစ်နေရတဲ့ တောင်ကိုရီးယားစီးပွားရေးအခြေအနေကို ပြန်လည်တည့် မတ်ပေးဖို့ သမ္မတလောင်းအားလုံးက ကတိပေးထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)