အရေးပေါ် ကုသခန်း စာရေးမ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီး ကွယ်လွန်

0
157

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ ဆေးရုံတစ်ရုံမှာ အရေးပေါ် ကုသခန်းအတွက် လူနာတွေကို စာရင်းသွင်းပေးတဲ့ စာရေးမတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုက ပြောပါတယ်။

လောင်း အိုက်လန် ဂျူးဝစ် ဖောရက် ဟေးလ် ဆေးရုံက အရေးပေါ် ကုသခန်း စာရေးမ ပရီယာ နာကီရှိုး (၃၄ နှစ်) ကွယ်လွန်သွားတာဖြစ်ပြီး သူ့မှာ အသက် ၈ နှစ်အရွယ် အမွှာ သားလေးနှစ်ဦး ကျန်ရစ်ပါတယ်။ နာကီရှိုးဟာ ဧပြီလ ၅ ရက်နေ့ကတည်းက ဖျားနာနေတာဖြစ်ပါတယ်။

မစ္စ နာကီရှိုးရဲ့ အသက် ၆၆ နှစ်အရွယ် မိခင်ဖြစ်သူဟာလည်း COVID-19 ရောဂါ ကူးစက်လို့ အထူးကုသခန်းမှာ ကုသပေးနေရကြောင်း၊ ဖခင်ဖြစ်သူကတော့ အိမ်မှာ သီးခြား နေထိုင်နေရကြောင်း နာကီရှိုးနဲ့ ညီမ လင်ဒါ ဆင်းဂ်က ပြောပါတယ်။

အလွန်ပဲ အလဲလဲ အပြိုပြို ဖြစ်ရကြောင်း၊ နာကီရှိုးဟာ သူ့ရဲ့အလုပ်ကို အလွန် မြတ်နိုးသူဖြစ်ပြီး လူနာတွေကိုလည်း ကူညီတတ်သူ ဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ခင်မင်တတ်သူဖြစ်ကြောင်း ညီမဖြစ်သူက ပြောပါတယ်။

နာကီရှိုးဟာ အရေးပေါ်ခန်းကို ရောက်ရှိလာမယ့် လူနာတွေနဲ့ ပထမဆုံး ထိတွေ့ဆက်ဆံရတဲ့ ရှေ့တန်းက နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

အရေးပေါ် ကုသခန်း စာရေးမ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီး ကွယ်လွန်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ ဆေးရုံတစ်ရုံမှာ အရေးပေါ် ကုသခန်းအတွက် လူနာတွေကို စာရင်းသွင်းပေးတဲ့ စာရေးမတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုက ပြောပါတယ်။

လောင်း အိုက်လန် ဂျူးဝစ် ဖောရက် ဟေးလ် ဆေးရုံက အရေးပေါ် ကုသခန်း စာရေးမ ပရီယာ နာကီရှိုး (၃၄ နှစ်) ကွယ်လွန်သွားတာဖြစ်ပြီး သူ့မှာ အသက် ၈ နှစ်အရွယ် အမွှာ သားလေးနှစ်ဦး ကျန်ရစ်ပါတယ်။ နာကီရှိုးဟာ ဧပြီလ ၅ ရက်နေ့ကတည်းက ဖျားနာနေတာဖြစ်ပါတယ်။

မစ္စ နာကီရှိုးရဲ့ အသက် ၆၆ နှစ်အရွယ် မိခင်ဖြစ်သူဟာလည်း COVID-19 ရောဂါ ကူးစက်လို့ အထူးကုသခန်းမှာ ကုသပေးနေရကြောင်း၊ ဖခင်ဖြစ်သူကတော့ အိမ်မှာ သီးခြား နေထိုင်နေရကြောင်း နာကီရှိုးနဲ့ ညီမ လင်ဒါ ဆင်းဂ်က ပြောပါတယ်။

အလွန်ပဲ အလဲလဲ အပြိုပြို ဖြစ်ရကြောင်း၊ နာကီရှိုးဟာ သူ့ရဲ့အလုပ်ကို အလွန် မြတ်နိုးသူဖြစ်ပြီး လူနာတွေကိုလည်း ကူညီတတ်သူ ဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ခင်မင်တတ်သူဖြစ်ကြောင်း ညီမဖြစ်သူက ပြောပါတယ်။ နာကီရှိုးဟာ အရေးပေါ်ခန်းကို ရောက်ရှိလာမယ့် လူနာတွေနဲ့ ပထမဆုံး ထိတွေ့ဆက်ဆံရတဲ့ ရှေ့တန်းက နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)