အီတလီမှာ COVID-19 ကြောင့် သေဆုံးသူ ၁၇၆၆၉ ဦးရှိ၊ ကမ္ဘာ့အမြင့်ဆုံး ဖြစ်

0
173

အီတလီနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူဟာ ဧပြီလ ၉ ရက် မနက်ပိုင်းအထိ ၁၇၆၆၉ ဦး ရှိပြီး ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အမြင့်ဆုံး ဖြစ်ပါတယ်။

ဗိုင်းရပ်စ် ရောဂါ ကူးစက်သူကတော့ ၁၃၉၄၂၂ ဦး ရှိတယ်လို့ အီတလီ ပြည်သူ အကာအကွယ်ပေးရေး ဌာနက ကြေညာထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်သူတွေအနက် ၂၈၄၈၅ ဦးကတော့ ဆေးရုံတင်ထားရပြီး ဧပြီလ ၇ ရက်နေ့ကနဲ့ နှိုင်းယှဉ်ရင် ၂၃၃ ဦး လျော့ကျသွားတယ်လို့ ပြည်သူ အကာအကွယ်ပေးရေး ဌာန အကြီးအကဲ ဘိုရယ်လီက ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့မှာ COVID-19 ကြောင့် သေဆုံးသူ ၅၄၂ ဦး ရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက် အီတလီမြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက် သေဆုံးသူ ၁၇၆၆၉ ဦး ရှိလာတာပါ။ ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာ ပြပြီးနောက် ပြန်လည်သက်သာလာသူက ၂၀၉၉ ဦး ရှိပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)