ၿဗိတိန္ေရာက္ ေဆာ္ဒီ အိမ္ေရွ႕မင္းသား ဆႏၵျပခံရ

0
810

ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ႕ ၿဗိတိန္ႏိုင္ငံ ခရီးစဥ္အတြင္း လူေပါင္း ရာနဲ႔ခ်ီကာ လန္ဒန္ၿမိဳ႕၊ ေဒါင္းနင္းလမ္းက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ အိမ္ေရွ႕မွာ ဆႏၵျပခဲ့ပါတယ္။

ဆႏၵျပသူ ၁၅၀ ခန္႔ဟာ ေဆာ္ဒီႏိုင္ငံတြင္းက လူ႔အခြင့္အေရး အေျခအေန၊ ယီမင္ ျပည္တြင္းစစ္မွာ ေဆာ္ဒီအာေရဗ် ပါဝင္ေနတာနဲ႔ ေဆာ္ဒီကို ၿဗိတိန္က လက္နက္ေတြ ေရာင္းေနတာေတြကို မေက်နပ္တာေၾကာင့္ ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္အိမ္ထဲမွာ အိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္နဲ႔ ဝန္ႀကီးခ်ဳပ္ ထရီဆာ ေမတုိ႔ ေတြ႔ဆံုေဆြးေႏြးခ်ိန္ ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။  

ယီမင္ ကေလးငယ္မ်ား ေစာင့္ေရွာက္ေရး လုပ္ေဆာင္သူ ႏူရီယာ နာဂီက ယီမင္ မိသားစုေတြ၊ အျပစ္ကင္းတဲ့ ကေလးေတြ သတ္ျဖတ္ခံရတာ၊ ဗံုးႀကဲခံရတာကို ေတြျမင့္ခဲ့ရေပမယ့္ ကမာၻႀကီးက ဘာမွမလုပ္ဘဲ အသံတိတ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဖ်က္ဆီးခံရမႈေတြေၾကာင့္ ယီမင္ တႏုိင္ငံလံုး ရစရာမရွိ ျဖစ္ေနတာေတာင္ မေက်နပ္ၾကေသးဘူးလားလုိ႔ နာဂီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်ရောက် ဆော်ဒီ အိမ်ရှေ့မင်းသား ဆန္ဒပြခံရ

ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း လူပေါင်း ရာနဲ့ချီကာ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းက ဗြိတိန်ဝန်ကြီးချုပ် အိမ်ရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူ ၁၅၀ ခန့်ဟာ ဆော်ဒီနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေ၊ ယီမင် ပြည်တွင်းစစ်မှာ ဆော်ဒီအာရေဗျ ပါဝင်နေတာနဲ့ ဆော်ဒီကို ဗြိတိန်က လက်နက်တွေ ရောင်းနေတာတွေကို မကျေနပ်တာကြောင့် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အိမ်ထဲမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့ ဝန်ကြီးချုပ် ထရီဆာ မေတို့ တွေ့ဆုံဆွေးနွေးချိန် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ယီမင် ကလေးငယ်များ စောင့်ရှောက်ရေး လုပ်ဆောင်သူ နူရီယာ နာဂီက ယီမင် မိသားစုတွေ၊ အပြစ်ကင်းတဲ့ ကလေးတွေ သတ်ဖြတ်ခံရတာ၊ ဗုံးကြဲခံရတာကို တွေမြင့်ခဲ့ရပေမယ့် ကမ္ဘာကြီးက ဘာမှမလုပ်ဘဲ အသံတိတ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဖျက်ဆီးခံရမှုတွေကြောင့် ယီမင် တနိုင်ငံလုံး ရစရာမရှိ ဖြစ်နေတာတောင် မကျေနပ်ကြသေးဘူးလားလို့ နာဂီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)