သံမဏိနဲ႔ အလူမီနီယံ သြင္းကုန္ခြန္ သတ္မွတ္ဖို႔ အေမရိကန္ သမၼတ ဆံုးျဖတ္

0
833

အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ေရြးေကာက္ပြဲကာလက ေပးခဲ့တဲ့ ကတိအတိုင္း သံမဏိနဲ႔ အလူမီနီယံ သြင္းကုန္ခြန္ ျပ႒ာန္းဖို႔ ဆံုးျဖတ္လိုက္ပါတယ္။  

သံမဏိနဲ႔ အလူမီနီယံ တင္သြင္းမႈမွာ အခြန္ခ်မွတ္တဲ့ အျငင္းပြားဖြယ္ အမိန္႔ဒီဂရီကို ထရမ့္က လက္မွတ္ ေရးထိုးတာ ျဖစ္ေပမယ့္ တစ္ခ်ိဳ႕ႏိုင္ငံေတြအတြက္ အခြန္လြတ္ခြင့္ရမွာ ျဖစ္ပါတယ္။

သမၼတ ထရမ့္ဟာ မမွ်တတဲ့ ကုန္သြယ္ေရးေၾကာင့္ အေမရိကန္ဘက္က ထိခိုက္နစ္နာေနခဲ့ရာမွာ အခု သြင္းကုန္ခြန္ စည္းၾကပ္ျခင္းက အေမရိကန္ လုပ္ငန္းမ်ားကို ျပန္လည္ ျမွင့္တင္ေပးႏိုင္မယ္လုိ႔ ယံုၾကည္ေနပါတယ္။

အေမရိကန္က သံမဏိနဲ႔ အလူမီနီယံ လုပ္ငန္းေတြက အလုပ္သမားေတြဟာ သစၥာေဖာက္ျခင္း ခံေနရသူမ်ား ျဖစ္ေပမယ့္ အဲဒီလို အေျခအေနမ်ိဳးက အဆံုးသတ္သြားၿပီလုိ႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာပါတယ္။

သမၼတ ထရမ့္ရဲ႕ လုပ္ေဆာင္ခ်က္ကို တ႐ုတ္အပါအဝင္ ႏိုင္ငံမ်ားစြာက ဆန္႔က်င္ၾကၿပီး ပညာရွင္ေတြကလည္း ကုန္သြယ္ေရးစစ္ပြဲသစ္ တစ္ရပ္ ျဖစ္ပြားလာႏုိင္တယ္လို႔ သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သံမဏိနဲ့ အလူမီနီယံ သွင်းကုန်ခွန် သတ်မှတ်ဖို့ အမေရိကန် သမ္မတ ဆုံးဖြတ်

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ရွေးကောက်ပွဲကာလက ပေးခဲ့တဲ့ ကတိအတိုင်း သံမဏိနဲ့ အလူမီနီယံ သွင်းကုန်ခွန် ပြဋ္ဌာန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သံမဏိနဲ့ အလူမီနီယံ တင်သွင်းမှုမှာ အခွန်ချမှတ်တဲ့ အငြင်းပွားဖွယ် အမိန့်ဒီဂရီကို ထရမ့်က လက်မှတ် ရေးထိုးတာ ဖြစ်ပေမယ့် တစ်ချို့နိုင်ငံတွေအတွက် အခွန်လွတ်ခွင့်ရမှာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ မမျှတတဲ့ ကုန်သွယ်ရေးကြောင့် အမေရိကန်ဘက်က ထိခိုက်နစ်နာနေခဲ့ရာမှာ အခု သွင်းကုန်ခွန် စည်းကြပ်ခြင်းက အမေရိကန် လုပ်ငန်းများကို ပြန်လည် မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အမေရိကန်က သံမဏိနဲ့ အလူမီနီယံ လုပ်ငန်းတွေက အလုပ်သမားတွေဟာ သစ္စာဖောက်ခြင်း ခံနေရသူများ ဖြစ်ပေမယ့် အဲဒီလို အခြေအနေမျိုးက အဆုံးသတ်သွားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ လုပ်ဆောင်ချက်ကို တရုတ်အပါအဝင် နိုင်ငံများစွာက ဆန့်ကျင်ကြပြီး ပညာရှင်တွေကလည်း ကုန်သွယ်ရေးစစ်ပွဲသစ် တစ်ရပ် ဖြစ်ပွားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)