ဗီယက္နမ္က ၃ ႏွစ္သား ကေလးငယ္ စာဖတ္ႏိုင္ သီခ်င္းဆိုႏိုင္

0
832

ဗီယက္နမ္ႏုိင္ငံက အသက္ ၃ ႏွစ္အရြယ္သာ ရွိေသးတဲ့ ကေလးငယ္တစ္ဦးဟာ စာကိုေကာင္းေကာင္း ဖတ္ႏုိင္ၿပီး ကာရာအိုေက သီခ်င္း သီဆုိႏုိင္မႈအေပၚ မိသားစုဝင္ေတြက အံအားသင့္ေနၾကပါတယ္။

ဗီယက္နမ္ ႏုိင္ငံ၊ ေကြႏြန္ၿမိဳ႕မွာ ေနထုိင္တဲ့ အသက္ ၃ ႏွစ္အရြယ္ ေယာက်္ားေလး လီသန္တမ္ဟာ ႐ုပ္သံအစီအစဥ္ ၾကည့္႐ႈခ်ိန္မွာ စာသားေတြနဲ႔ သီခ်င္းေတြ လိုက္ဆုိျပခဲ့တာ ျဖစ္ပါတယ္။ ကေလးငယ္ကို ၂၀၁၅ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး မူႀကိဳတက္ေရာက္တာ မရွိသလို စာလံုးေတြ သင္ၾကားေပးတာ မရွိဘဲနဲ႔ သီခ်င္းေတြ၊ စာသားေတြ ရြတ္ဆုိႏုိင္ခဲ့တာ ျဖစ္တယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

အဘြားျဖစ္သူကေတာ့ သူ႔ေျမးျဖစ္သူဟာ တီဗီဖန္သားျပင္ေပၚက စာသားေတြကို မွန္ကန္ေအာင္ ဖတ္ျပႏုိင္႐ံုသာမက တီးလံုးသံလုိက္ၿပီး သီခ်င္းေတြကိုလည္း သီဆုိႏုိင္တယ္လုိ႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ်က ၃ နှစ်သား ကလေးငယ် စာဖတ်နိုင် သီချင်းဆိုနိုင်

ဗီယက်နမ်နိုင်ငံက အသက် ၃ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦးဟာ စာကိုကောင်းကောင်း ဖတ်နိုင်ပြီး ကာရာအိုကေ သီချင်း သီဆိုနိုင်မှုအပေါ် မိသားစုဝင်တွေက အံအားသင့်နေကြပါတယ်။

ဗီယက်နမ် နိုင်ငံ၊ ကွေနွန်မြို့မှာ နေထိုင်တဲ့ အသက် ၃ နှစ်အရွယ် ယောကျာ်းလေး လီသန်တမ်ဟာ ရုပ်သံအစီအစဉ် ကြည့်ရှုချိန်မှာ စာသားတွေနဲ့ သီချင်းတွေ လိုက်ဆိုပြခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ကို ၂၀၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မူကြိုတက်ရောက်တာ မရှိသလို စာလုံးတွေ သင်ကြားပေးတာ မရှိဘဲနဲ့ သီချင်းတွေ၊ စာသားတွေ ရွတ်ဆိုနိုင်ခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဘွားဖြစ်သူကတော့ သူ့မြေးဖြစ်သူဟာ တီဗီဖန်သားပြင်ပေါ်က စာသားတွေကို မှန်ကန်အောင် ဖတ်ပြနိုင်ရုံသာမက တီးလုံးသံလိုက်ပြီး သီချင်းတွေကိုလည်း သီဆိုနိုင်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)