တ႐ုတ္ဆီက ေငြေခ်းမႈေၾကာင့္ အခ်ဳပ္အျခာ မဆံုး႐ံႈးဖို႔ အာဖရိကႏုိင္ငံေတြကို အေမရိကန္ သတိေပး

0
865

တ႐ုတ္ႏုိင္ငံဆီကေန ေငြေၾကးေခ်းယူတဲ့ သေဘာတူညီခ်က္ပါ အခ်က္ေတြကို သတိျပဳဖုိ႔နဲ႔ အခ်ဳပ္အျခာ အာဏာ ဆံုး႐ံႈးမယ့္အေရးကို သတိရွိေစဖုိ႔ အာဖရိက ႏုိင္ငံေတြကို အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ရက္ဇ္ တီလာဆန္က  တုိက္တြန္းေျပာဆုိလုိက္ပါတယ္။

အာဖရိက ႏုိင္ငံေတြဆီ တ႐ုတ္ရဲ႕ ေငြေၾကးစီးဆင္းမႈကို ရပ္ဖုိ႔ မရည္ရြယ္ေပမယ့္ ဂ႐ုျပဳဖုိ႔ လုိတယ္လို႔  ဝန္ႀကီး တီလာဆန္က ေျပာပါတယ္။

အာဖရိက ႏုိင္ငံေတြဆီမွာ တ႐ုတ္ႏုိင္ငံက ျပဳလုပ္တဲ့ စီမံကိန္းဟာ ေဒသခံေတြကို အလုပ္ရေစဖုိ႔ သိသာေစမႈ မရွိဘဲ တ႐ုတ္ႏုိင္ငံ စီမံကိန္းေတြမွာ တ႐ုတ္ႏုိင္ငံသားေတြသာ မ်ားေနတာေၾကာင့္  ခြဲျခားသလုိ ျဖစ္ေနတယ္လို႔ အေမရိကန္ အစိုးရက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ဆီက ငွေချေးမှုကြောင့် အချုပ်အခြာ မဆုံးရှုံးဖို့ အာဖရိကနိုင်ငံတွေကို အမေရိကန် သတိပေး

တရုတ်နိုင်ငံဆီကနေ ငွေကြေးချေးယူတဲ့ သဘောတူညီချက်ပါ အချက်တွေကို သတိပြုဖို့နဲ့ အချုပ်အခြာ အာဏာ ဆုံးရှုံးမယ့်အရေးကို သတိရှိစေဖို့ အာဖရိက နိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တီလာဆန်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အာဖရိက နိုင်ငံတွေဆီ တရုတ်ရဲ့ ငွေကြေးစီးဆင်းမှုကို ရပ်ဖို့ မရည်ရွယ်ပေမယ့် ဂရုပြုဖို့ လိုတယ်လို့ ဝန်ကြီး တီလာဆန်က ပြောပါတယ်။

အာဖရိက နိုင်ငံတွေဆီမှာ တရုတ်နိုင်ငံက ပြုလုပ်တဲ့ စီမံကိန်းဟာ ဒေသခံတွေကို အလုပ်ရစေဖို့ သိသာစေမှု မရှိဘဲ တရုတ်နိုင်ငံ စီမံကိန်းတွေမှာ တရုတ်နိုင်ငံသားတွေသာ များနေတာကြောင့် ခွဲခြားသလို ဖြစ်နေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)