တ႐ုတ္-အေမရိကန္ ကုန္သြယ္မႈစစ္ပြဲ ဆင္ႏႊဲတာဟာ အေျဖမွန္မဟုတ္ဘူးလို႔ တ႐ုတ္ ေျပာ

0
904

တ႐ုတ္နဲ႔ အေမရိကန္ႏုိင္ငံတို႔ၾကား ကုန္သြယ္ေရး စစ္ပြဲ ဆင္ႏႊဲေနမႈက မွန္ကန္တဲ့ အေျဖမဟုတ္ခဲ့ဘူးလို႔ တ႐ုတ္ႏုိင္ငံက ေျပာလုိက္ပါတယ္။

တ႐ုတ္ႏုိင္ငံျခားေရး ဝန္ႀကီး ဝမ္ယီက မတ္ ၈ ရက္ေနန႔ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးက ကုန္သြယ္မႈ စစ္ပြဲ ဆင္ႏႊဲေနတာက ဘယ္တုန္းကမွ အေျဖမျဖစ္ဘူး ဆိုတာကို သမိုင္းက သင္ေပးထားတယ္လုိ႔ ေျပာခဲ့ပါတယ္။

ကမာၻမွာ ကုန္သြယ္စစ္ပြဲျဖစ္ဖုိ႔ ေရြးခ်ယ္တာရဲ႕ ရလဒ္က ႏွစ္ဖက္စလံုးကို ထိခိုက္ေစမွာျဖစ္လုိ႔ ေထာက္ခံမွာ မဟုတ္ဘူးလို႔ တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့ပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္ ႏွစ္ႏုိင္ငံစလံုးဟာ စားပြဲဝိုင္းမွာထိုင္ၿပီး အတူတူ အျပဳသေဘာေဆာင္ ေဆြးေႏြးဖုိ႔ ႏွစ္ဖက္ အက်ိဳးရွိေအာင္ လုပ္ေဆာင္ဖုိ႔ ေမွ်ာ္လင့္ေနတယ္လို႔ ဝန္ႀကီး ဝမ္ယီက ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်-အမေရိကန် ကုန်သွယ်မှုစစ်ပွဲ ဆင်နွှဲတာဟာ အဖြေမှန်မဟုတ်ဘူးလို့ တရုတ် ပြော

တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ကြား ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲနေမှုက မှန်ကန်တဲ့ အဖြေမဟုတ်ခဲ့ဘူးလို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက မတ် ၈ ရက်နေန့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ကုန်သွယ်မှု စစ်ပွဲ ဆင်နွှဲနေတာက ဘယ်တုန်းကမှ အဖြေမဖြစ်ဘူး ဆိုတာကို သမိုင်းက သင်ပေးထားတယ်လို့ ပြောခဲ့ပါတယ်။

ကမ္ဘာမှာ ကုန်သွယ်စစ်ပွဲဖြစ်ဖို့ ရွေးချယ်တာရဲ့ ရလဒ်က နှစ်ဖက်စလုံးကို ထိခိုက်စေမှာဖြစ်လို့ ထောက်ခံမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးဟာ စားပွဲဝိုင်းမှာထိုင်ပြီး အတူတူ အပြုသဘောဆောင် ဆွေးနွေးဖို့ နှစ်ဖက် အကျိုးရှိအောင် လုပ်ဆောင်ဖို့ မျှော်လင့်နေတယ်လို့ ဝန်ကြီး ဝမ်ယီက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)