အေမရိကန္ ေဆာင္းရာသီ မုန္တုိင္းေၾကာင့္ ေလေၾကာင္းခရီးစဥ္ ၂ ေထာင္ေက်ာ္ ဖ်က္သိမ္းရ

0
898

အေမရိကန္ႏုိင္ငံ အေရွ႕ေျမာက္ပုိင္းမွာ ေဆာင္းရာသီမုန္တုိင္း တုိက္ခတ္ခဲ့တဲ့အတြက္ ႏွင္ထူထပ္စြာ က်ေရာက္ၿပီး ေလေၾကာင္းခရီးစဥ္ ၂ ေထာင္ေက်ာ္ ဖ်က္သိမ္းခဲ့ရပါတယ္။

ဂြ်န္ အက္ဖ္ ကေနဒီ ႏိုင္ငံတကာ ေလဆိပ္မွာ ခရီးစဥ္ေတြရဲ႕ ၄၂ ရာခုိင္ႏႈန္းျဖစ္တဲ့ ခရီးစဥ္ ၅၂၀ ခန္႔ကို ဖ်က္သိမ္းခဲ့ရပါတယ္။ နယူးဂ်ာစီျပည္နယ္ရွိ နယူးအာ့ခ္ ေလဆိပ္မွာ ေလေၾကာင္းခရီးစဥ္ ၆၅၀ နဲ႔ လာ ဂြာဒီယာ ေလဆိပ္မွာ ေလေၾကာင္းခရီးစဥ္ ၆၀၀ ကုိလည္း ဖ်က္သိမ္းခဲ့ရပါတယ္။

ေဘာ္စတြန္နဲ႔ ဖီလာဒဲလ္ဖီးယားရွိ ေလဆိပ္ေတြမွာလည္း ေဆာင္းရာသီမုန္တုိင္း သက္ေရာက္မႈ ရွိခဲ့ၿပီး ေလေၾကာင္းခရီးစဥ္ ၂၀ ရာခုိင္ႏႈန္းနီးပါးကို ဖ်က္သိမ္းခဲ့ရပါတယ္။

နယူးေယာက္ ေဒသအတြင္းရွိ ေလဆိပ္ေတြမွာလည္း မုန္တုိင္းသက္ေရာက္ႏုိင္မႈကုိ ႀကဳိတင္ျပင္ဆင္ဖို႔ သတိေပးထားပါတယ္။ နယူးေယာက္ ပတ္ဝန္းက်င္ေဒသတြင္း ဆီးႏွင္းထု ၇ လက္မေက်ာ္ကေန ၁ ေပေက်ာ္အထိ က်ဆင္းႏုိင္တယ္လို႔ အေမရိကန္ မိုးေလဝသဌာနက ခန္႔မွန္းထားပါတယ္။ နယူးဂ်ာစီမွာေတာ့ မတ္လ ၆ ရက္ ေနာက္ပိုင္းတည္းက  ေက်ာင္းေတြ ပိတ္ထားရၿပီး ျပည္နယ္ကုိ ရာသီဥတုဆုိင္ရာ အေရးေပၚ အေျခအေန ေၾကညာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် ဆောင်းရာသီ မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၂ ထောင်ကျော် ဖျက်သိမ်းရ

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆောင်းရာသီမုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် နှင်ထူထပ်စွာ ကျရောက်ပြီး လေကြောင်းခရီးစဉ် ၂ ထောင်ကျော် ဖျက်သိမ်းခဲ့ရပါတယ်။

ဂျွန် အက်ဖ် ကနေဒီ နိုင်ငံတကာ လေဆိပ်မှာ ခရီးစဉ်တွေရဲ့ ၄၂ ရာခိုင်နှုန်းဖြစ်တဲ့ ခရီးစဉ် ၅၂၀ ခန့်ကို ဖျက်သိမ်းခဲ့ရပါတယ်။ နယူးဂျာစီပြည်နယ်ရှိ နယူးအာ့ခ် လေဆိပ်မှာ လေကြောင်းခရီးစဉ် ၆၅၀ နဲ့ လာ ဂွာဒီယာ လေဆိပ်မှာ လေကြောင်းခရီးစဉ် ၆၀ဝ ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ဘော်စတွန်နဲ့ ဖီလာဒဲလ်ဖီးယားရှိ လေဆိပ်တွေမှာလည်း ဆောင်းရာသီမုန်တိုင်း သက်ရောက်မှု ရှိခဲ့ပြီး လေကြောင်းခရီးစဉ် ၂၀ ရာခိုင်နှုန်းနီးပါးကို ဖျက်သိမ်းခဲ့ရပါတယ်။ နယူးယောက် ဒေသအတွင်းရှိ လေဆိပ်တွေမှာလည်း မုန်တိုင်းသက်ရောက်နိုင်မှုကို ကြိုတင်ပြင်ဆင်ဖို့ သတိပေးထားပါတယ်။

နယူးယောက် ပတ်ဝန်းကျင်ဒေသတွင်း ဆီးနှင်းထု ၇ လက်မကျော်ကနေ ၁ ပေကျော်အထိ ကျဆင်းနိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ နယူးဂျာစီမှာတော့ မတ်လ ၆ ရက် နောက်ပိုင်းတည်းက ကျောင်းတွေ ပိတ်ထားရပြီး ပြည်နယ်ကို ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)