ဆစ္ဒနီ တာဝါ အိုင့္စ္ ေမွ်ာ္စင္ကေန  အမ်ိဳးသမီးတစ္ဦး ခုန္ခ် ေသေၾကာင္းႀကံ

0
865

ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕ရွိ ဆစ္ဒနီ တာဝါ အိုင့္စ္ လို႔ ေခၚၾကတဲ့ စင္တာပြိဳင့္ ေမွ်ာ္စင္ေပၚကေန မေန႔ မတ္လ ၈ ရက္ေန႔က အမ်ိဳးသမီးတစ္ဦး  ခုန္ခ််ၿပီး ေသေၾကာင္းႀကံသြားခဲ့ပါတယ္။

တျခား လာေရာက္ လည္ပတ္သူေတြနဲ႔ အတူ ‘ေကာင္းကင္ လမ္းေလွ်ာက္’ အေတြ႔အႀကံဳမွာ ပါဝင္ေနစဥ္ ဆိုင္းႀကိဳးကို ႐ုတ္တရက္ျဖဳတ္ၿပီး ခုန္ခ်သြားတာ ျဖစ္တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ကက္စလီရပ္ဂ်္ လမ္းနဲ႔ မားကက္လမ္းေထာင့္ကို က်ေရာက္ၿပီး အမ်ိဳးသမီး ေသဆံုးသြားတယ္လို႔ ရဲက အတည္ျပဳပါတယ္။ တစ္ဦးတစ္ေယာက္ရဲ႕ ပေယာဂေၾကာင့္ မဟုတ္ဘဲ သူ႔ကိုယ္သူ ေသေၾကာင္းႀကံတယ္လို႔ပဲ ရဲက သတ္မွတ္ပါတယ္။

ဆစ္ဒနီ တာဝါ အိုင့္စ္ တာဝန္ရွိသူေတြက ေမွ်ာ္စင္ေပၚ တက္ခြင့္နဲ႔ စားေသာက္ဆိုင္ကို ယာယီပိတ္ထားလိုက္ၿပီး ျပန္ဖြင့္မယ့္ရက္ကို ေၾကညာေပးမယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆစ်ဒနီ တာဝါ အိုင့်စ် မျှော်စင်ကနေ အမျိုးသမီးတစ်ဦး ခုန်ချ သေကြောင်းကြံ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ဆစ်ဒနီ တာဝါ အိုင့်စ် လို့ ခေါ်ကြတဲ့ စင်တာပွိုင့် မျှော်စင်ပေါ်ကနေ မနေ့ မတ်လ ၈ ရက်နေ့က အမျိုးသမီးတစ်ဦး ခုန်ချပြီး သေကြောင်းကြံသွားခဲ့ပါတယ်။

တခြား လာရောက် လည်ပတ်သူတွေနဲ့ အတူ ‘ကောင်းကင် လမ်းလျှောက်’ အတွေ့အကြုံမှာ ပါဝင်နေစဉ် ဆိုင်းကြိုးကို ရုတ်တရက်ဖြုတ်ပြီး ခုန်ချသွားတာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ကက်စလီရပ်ဂျ် လမ်းနဲ့ မားကက်လမ်းထောင့်ကို ကျရောက်ပြီး အမျိုးသမီး သေဆုံးသွားတယ်လို့ ရဲက အတည်ပြုပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့် မဟုတ်ဘဲ သူ့ကိုယ်သူ သေကြောင်းကြံတယ်လို့ပဲ ရဲက သတ်မှတ်ပါတယ်။

ဆစ်ဒနီ တာဝါ အိုင့်စ် တာဝန်ရှိသူတွေက မျှော်စင်ပေါ် တက်ခွင့်နဲ့ စားသောက်ဆိုင်ကို ယာယီပိတ်ထားလိုက်ပြီး ပြန်ဖွင့်မယ့်ရက်ကို ကြေညာပေးမယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)